Presentation is loading. Please wait.

Presentation is loading. Please wait.

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

Similar presentations


Presentation on theme: "နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"— Presentation transcript:

1 နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

2 မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် နည်းပညာတက္ကသိုလ်
(ရတနာပုံဆိုင်ဘာစီးတီး) တွင် သင်ကြားပို့ချအပ်သော လူသားနှင့် အဘိဓမ္မာ အထူး (၅) ရက်သင်တန်း သင်တန်း ဆရာတော် ပညာပါရမီဆရာတော် ဦးဉာဏ၀ရ ၂၀၁၇ ခု ဒီဇင်ဘာလ (၁၉) ရက်နေ့မှ (၂၃) ရက်နေ့ထိ

3 အနန္တစကြာဝဠာ မေတ္တာပို့ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့…… ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ…… ဒေါသခပ်သိမ်း ငြိမ်းကြပါစေ……. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ…… နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ……. (သုံးခေါက်ဆိုရန်) သာဓု၊ သာဓု၊ သာဓု

4 နိုင်ရာတာဝန်ယူကြပါစို့
သင်တန်းဖွင့်ကဗျာ နိုင်ရာတာဝန်ယူကြပါစို့ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ သူတော်အများ၊ စိတ်ကောင်းထားလည်း ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထို ဘုံဘ၀ မသိရ၊ များလှအပြစ်တွေ။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖေါ်ညွှန်ပြ၊ မြတ်ဓမ္မကြောင့် ၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထို ဘုံဘ၀ သိကြရ၊ များလှကျေးဇူးတွေ။ ကျေးဇူးတော်ရင်၊ ဘုရားရှင်ကို၊ ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဖို့၊ အမြိုက်ရတနာ၊ သာသနာ၏၊ နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း၊ ကြိုးပမ်းကြပါလေ။

5 သဗ္ဗညုတဉာဏ်တော် အစွမ်း
သိရန်မှန်က၊ မကျန်ရအောင်၊ လုံးဝစုံလင်၊ အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ သိသည့်တရား၊ များအပြား၌၊ ဟောထားစဖွယ်၊ နည်းသွယ်သွယ်ကို၊ ခြယ်လှယ်စုံလင်၊ အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ ကျွတ်ထိုက်ကြပေ၊ များဝေနေ၏၊ ဣနြေ္ဒစရိုက်၊ သူ့အကြိုက်ကို၊ နှိုက်ချွတ်စုံလင်၊ အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ သဗ္ဗဉ်ဉာဏ်အား၊ စွမ်းသုံးပါးကြောင့်၊ အများဝေနေ၊ ကျွတ်လွတ်စေဖို့၊ မနေမနား၊ သက်တော်အားဖြင့်၊ ကြီးမားလေဘိ၊ ရှစ်ဆယ်ပြည့်၍၊ ပရိနိဗ္ဗာန် စံသည့်တိုင်အောင်၊ သယ်ယူဆောင်၊ ဘုန်းခေါင် ငါတို့ ဘုရားတည်း။ သာဓု၊ သာဓု၊ သာဓု

6 ဆက်လက်ကြိုးစားပါဦးမည်
သင်တန်းဆင်းကဗျာ ဆက်လက်ကြိုးစားပါဦးမည် ဗုဒ္ဓမြတ်စွာ၊ လောင်းလျာတုန်းက၊ နောက်ဆုံးအထိ၊ ပါရမီ၊ လူနတ်များစွာ၊ ချမ်းသာရေးမို့၊ အသက်ပေးလို့၊ ဖြည့်ခဲ့သည်။ ဗုဒ္ဓမြတ်စွာ၊ သာသနာအတွက်တော့၊ ငါပါအသက်၊ ဆုံးစေမည်၊ နောက်မဆုတ်ပေါင်၊ ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့၊ ကြိုးစားမည် ။

7 ကျေးဇူးတုံ့ဆပ်ပူဇော်လွှာ
ယနေ့ယခု အကျွန်ပ်တို့ ပေါင်းစု၍ ပြုခဲ့သမျှသော ဒါနကုသိုလ်၊ ဆောက်တည်ခဲ့သမျှသော သီလကုသိုလ်၊ ပွားများ အားထုတ်ခဲ့သမျှသော ဘာဝနာကုသိုလ်၊ သာသနာတော် တည်တံ့ရာ တည်တံ့ကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း၊ ပြန့်ပွားရာ ပြန့်ပွားကြောင်း၊ ဆောက်ရွက်ခွင့် ရသမျှသော သာသနာပြု ကုသိုလ် အစုစုတို့ဖြင့် ရတနာမြတ်သုံးပါး၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်အပေါင်းတို့နှင့် တကွ သာသနာတော် မြတ်ကြီးအား ဓမ္မပူဇာအဖြစ် ကျေးဇူးတုံ့ဆပ် ပူဇော်ပါ၏။

8 ဆုတောင်း အမျှဝေ ဤပြုခဲ့သော ကုသလစေတနာ အ၀၀တို့သည် အကျွန်ပ်တို့ ပန်ဆင်ထားသော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဗောဓိဆုမြတ် အသီးအသီးအတွက် အထောက်အပံ့ ဖြစ်ပါစေ။ ဤပြုခဲ့သမျှသော ကုသလစေတနာ အ၀၀တို့ကို အကျွန်ပ်တို့နှင့်တကွ ဘ၀အဆက်ဆက် သံသရာအဆက်ဆက်၌ တော်စပ်ခဲ့ကြဖူးသမျှသော မိဟောင်းဖဟောင်း၊ ဆရာဟောင်း၊သမားဟောင်း၊ ဆွေဟောင်း၊ မျိုးဟောင်း၊ ကျေးဇူးရှင်အပေါင်းတို့နှင့်တကွ ၃၁ ဘုံတွင် ကျင်လည်လျက် ရှိကြကုန်သော သုခိတ၊ဒုက္ခိတ သတ္တ၀ါ၊ ဝေနေယျအပေါင်းတို့အား ထပ်တူထပ်မျှ ရကြစေခြင်းငှါ အကျွန်ပ်တို့ အားလုံးက အမျှပေးဝေ ဒါနပြုကြပါကုန်၏။ အားလုံး (အမျှ…အမျှ…အမျှ) ယူတော်မူကြပါကုန်လော့ သာဓု…သာဓု…သာဓု

9 အဘိဓမ္မာ သမိုင်း အကျဉ်း

10 အဘိဓမ္မာ (၇) ကျမ်း ၁။ ဓမ္မသင်္ဂဏီ ( ၁၂ ရက်ဟော) ၂။ ၀ိဘင်း ( ၁၂ ရက်)
၁။ ဓမ္မသင်္ဂဏီ ( ၁၂ ရက်ဟော) ၂။ ၀ိဘင်း ( ၁၂ ရက်) ၃။ ဓာတုကထာ ( ၆ ရက် ) ၄။ ပုဂ္ဂလပညတ် ( ၇ ရက် ) ၅။ ကထာဝတ္ထု ( ၈ ရက် ) ၆။ ယမိုက် ( ၂၀ ရက် ) ၇။ ပဋ္ဌာန်း ( ၂၅ ရက် ) ၉၀ ရက် / ၃ လ မှတ်ချက်။ ။ အဘိဓမ္မာကို ဘုရားဖြစ်ပြီး ၂၂ ရက်နှင့် ၂၈ အတွင်း ရတနာဃရ စတုတ္ထသတ္တာဟတွင် ဆင်ခြင်၊ သုံးသပ်ခဲ့သည်။

11 အဘိဓမ္မာတရားတော်ကို တာဝတိံသာတွင်ဟောရကြောင်း
၁။ မယ်တော် မိနတ်သားကို ကျေးဇူးဆပ်လိုခြင်း ၂။ မိဘကျေးဇူးကို သတ္တ၀ါတို့အား နားလည်စေလိုခြင်း ၃။ အဘိဓမ္မာတရားတော်ကို အစ၊ အဆုံး တစ်ထိုင်တည်း ဟောလိုခြင်း ၄။ အစ၊ အဆုံး တစ်ထိုင်တည်းဟောမှ နာကြားရသော တရားနာသူများ အကျိုးထူးရနိုင်ခြင်း ၅။ အဘိဓမ္မာတရားတော်၏ ကျယ်ဝန်း၊ နက်နဲမှုကိုသိစေလိုခြင်း ၆။ လူတို့သက်တမ်းအားဖြင့် သုံးလကြာအောင်ဟောမှ အဘိဓမ္မာတရားတော် ကုန်နိုင်ခြင်း စသောအကြောင်းတို့ကြောင့် နတ်ပြည်တွင် ဟောရသည်။

12 ပိဋက သုံးပုံ ၁။ ၀ိနည်း (စည်းကမ်း) ၂။ သုတ္တန် (နည်းလမ်း)
၃။ အဘိဓမ္မာ ( အစွမ်း) မှတ်ချက်။ ။ ဗုဒ္ဓတရားတော်သည် ဓမ္မ၊ ၀ိနယ အားဖြင့်၂ မျိုးရှိရာတွင် ဓမ္မသည် သုတ္တန်ဓမ္မ နှင့် အဘိဓမ္မာဓမ္မ ဟု ၂ မျိုးပြား ပြန်သောကြောင့် ပိဋက သုံးပုံဖြစ်လာသည်။

13 အဘိဓမ္မာ သင်ရသည့်အတွက် ရနိုင်သည့်အကျိုးများ
၁။ ခက်ခဲ နက်နဲသည့် ပရမတ္ထတရားများကို သိခွင့်ရခြင်း ၂။ ဗုဒ္ဓ၀ါဒကို အပြည့်အစုံ နားလည်လာခြင်း ၃။ ကုသိုလ် အကုသိုလ်တို့၏ သဘောကိုပြည့်စုံစွာ နားလည် သဘောပေါက်၍ မိမိဘ၀ကိုပိုင်နိုင်စွာ အသုံးချနိုင်ခြင်း ၄။ ခန္ဓာငါးပါးအကြောင်းကို အပြည့်အစုံ နားလည်ပြီး ခန္ဓာဉာဏ်ရောက် တရားအားထုတ်ရာ၌ များစွာကျေးဇူးပြုခြင်း ၅။ အမြင့်မြတ်ဆုံး ပညာပါရမီ ကုသိုလ်ရရှိ၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျှင်မြန်စွာမျက်မှောက်ပြုနိုင်ခြင်း

14 အဘိဓမ္မာတရား သာလွန်ထူးခြားသော သဘာဝတရားကို အဘိဓမ္မာဟုခေါ်သည်။
သာလွန်ထူးခြားသော သဘာဝတရားကို အဘိဓမ္မာဟုခေါ်သည်။ (အဘိ= သာလွန်ထူးခြားသော။ ဓမ္မ = သဘာဝ) အဘိဓမ္မာသည် ၁။ စိတ် ၂။ စေတသိက် ၃။ ရုပ် ၄။ နိဗ္ဗာန် ၅။ ပညတ် (၅) မျိုး

15 ပရမတ္ထတရား မဖေါက်မပြန် မှန်ကန်သော သဘောသည် ပရမတ်မည်၏
မဖေါက်မပြန် မှန်ကန်သော သဘောသည် ပရမတ်မည်၏ (ပရမ= မဖေါက်မပြန် မှန်ကန်သော၊ အတ္ထ= သဘောတရား) ပရမတ္ထသည် ၁။ စိတ် ၂။ စေတသိက် ၃။ ရုပ် ၄။ နိဗ္ဗာန် (၄) မျိုး

16 ပရမတ္ထတရား (၄) ပါး အာရုံကို ယူတတ်သော သဘော ၁။ စိတ်
(၈၉ ပါး သို့မဟုတ် ၁၂၁ ပါး) ၂။ စေတသိက် စိတ်၌မှီ၍ စိတ်ကိုချယ်လှယ်တတ်သော သဘော (၅၂ ပါး) ၃။ ရုပ် ဖေါက်ပြန်တတ်သော သဘော (၂၈ ပါး) ၄။ နိဗ္ဗာန် တဏှာကုန်ခမ်းခြင်း၊ ဒုက္ခ ခပ်သိမ်း ချုပ်ငြိမ်းခြင်း သဘော မှတ်ချက်။ ။ စိတ်၊စေတသိက်၊ရုပ်တို့သည် ဥပါဒ်၊ ဌီ၊ ဘင်ဟူသော ခဏတ္တယနှင့် ယှဉ်သောကြောင့် အနိစ္စပရမတ်မည်၏။ နိဗ္ဗာန်သည် ခဏတ္တယနှင့် မယှဉ်သောကြောင့် နိစ္စပရမတ်မည်၏။

17 ဘုံအားဖြင့် ပြားသော စိတ်အမည် (၄)မျိုး
၁။ ကာမာဝစရစိတ် ကာမ (၁၁) ဘုံ၌ များသောအားဖြင့် ဖြစ်တတ်သောစိတ် ၂။ ရူပါဝစရစိတ် ရူပ (၁၆) ဘုံ၌ များသောအားဖြင့် ဖြစ်တတ်သောစိတ် ၃။ အရူပါဝစရစိတ် အရူပ (၄) ဘုံ၌ များသောအားဖြင့် ဖြစ်တတ်သောစိတ် ၄။ လောကုတ္တရာစိတ် လောကသုံးပါးမှ လွတ်သောစိတ် မှတ်ချက်။ ။ ကာမဘုံ၌ အဖြစ်များသောစိတ်ကို ကာမာဝစရစိတ်ဟုခေါ်သည်။ သို့သော် ထိုကာမစိတ်များသည် ရူပဘုံ၊ အရူပဘုံတို့၌လည်း ဖြစ်သေး သည်သာ။ (ကာမ = ကာမဘုံ၌ ။ အ၀စရ = အဖြစ်များသော။ ရူပစိတ်၊ အရူပစိတ်တို့၌လည်း နည်းတူမှတ်ပါ )

18 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ လောကုတ္တရာစိတ်

19 အကုသိုလ်စိတ် (၁၂) ပါး အပြစ်ရှိခြင်း ၊ မကောင်းသော အကျိုးကိုပေးခြင်း သဘောသည် အကုသိုလ်မည်၏ (အ= မဟုတ်။ ကုသလ = ကုသိုလ် ၊ ကောင်းမှု ) လောဘမူစိတ် (၈) ပါး ဒေါသမူစိတ် (၂) ပါး မောဟမူစိတ် (၂) ပါး မူလ = အရင်းခံ၊ အကြောင်းတရား (၁၂) ပါး

20 လောဘမူစိတ် (၈) ပါး စိတ်ပါ (၀မ်းသာ၊ ကြည်နူး၊ ကျေနပ်၊ သဘောကျ)
စိတ်ပါ (၀မ်းသာ၊ ကြည်နူး၊ ကျေနပ်၊ သဘောကျ) (စိတ်ပါ = သောမနဿ) ဒိဋ္ဌိယှဉ် (အပြစ်ရှိမှန်းမသိ) (ဒိဋ္ဌိ = ဒိဋ္ဌိ၊ ယှဉ် = သမ္ပယုတ်) သူများ မခိုင်း (မခိုင်း = အသင်္ခါရိက) လိုချင်၊ ဖြစ်ချင်၊ သွားချင်၊ လာချင်စသော ချင် အားလုံးသည် လောဘတည်း မှတ်ချက်။ ။ အပြန်အားဖြင့် စိတ်မပါ = ဥပေက္ခာ။ မယှဉ် = ၀ိပ္ပယုတ်။ ခိုင်း= သသင်္ခါရိက ဟု မှတ်ရန်။

21 လောဘမူစိတ် (၈)ပါးကို မြန်မာလိုရေတွက်ခြင်း
သောမနဿ (၄) ပါး ၁။ စိတ်ပါ ဒိဋ္ဌိယှဉ် သူများမခိုင်း ၂။ စိတ်ပါ ဒိဋ္ဌိယှဉ် သူများခိုင်း ၃။ စိတ်ပါ ဒိဋ္ဌိမယှဉ် သူများမခိုင်း ၄။ စိတ်ပါ ဒိဋ္ဌိမယှဉ် သူများခိုင်း ဥပေက္ခာ (၄) ပါး ၅။ စိတ်မပါ ဒိဋ္ဌိယှဉ် သူများမခိုင်း ၆။ စိတ်မပါ ဒိဋ္ဌိယှဉ် သူများခိုင်း ၇။ စိတ်မပါ ဒိဋ္ဌိမယှဉ် သူများမခိုင်း ၈။ စိတ်မပါ ဒိဋ္ဌိမယှဉ် သူများခိုင်း

22 လောဘမူစိတ်ကို ဖြစ်စေနိုင်သည့် အကြောင်းများ
၁။ လောဘ လောဘ = လိုချင်မှု တဏှာ = စွဲလမ်းမှု နန္ဒီ = နှစ်သက်မှု ရာဂ = တပ်မက်မှု ပေမ = ချစ်ခင်မှု ၂။ ဒိဋ္ဌိ အယူမှားမှု၊ ငါ ငါ့ဥစ္စာ၊ ငါ့သား ငါ့သမီး၊ ငါ့ဇနီးလို့ ထင်မြင်မှု၊ အပြစ် မရှိဟု အထင်မှားမှု ၃။ မာန ထောင်လွှားမှု ၀ါကြွားမှု အထင်သေးမှု အထင်ကြီးမှု

23 ဒိဋ္ဌိဖြစ်ကြောင်း တရား (၂) ပါး
၁။ သဿတဒိဋ္ဌိ = ဘ၀မြဲ၏ဟုအယူရှိခြင်း ဥစ္ဆေဒဒိဋ္ဌိ= ဘ၀ပြတ်၏ဟုအယူရှိခြင်း နှင့် ၂။ အယူမှားသူများကို ပေါင်းသင်းဆက်ဆံခြင်း မှတ်ချက်။ ။ ပရမတ္ထတရားများကို အမှန်မမြင်ခြင်းသည်လည်း ဒိဋ္ဌိ= အမှားမြင် ခြင်းပင်တည်း။

24 မာန (၃)မျိုး ၁။ သေယျမာန = ဂုဏ်၊ သိက္ခာ၊ ဥစ္စာ၊ အဆင်းစ သည်ဖြင့် သူများထက် သာသည်ဟု မိမိစိတ်ဝယ်ထင်၍ ထောင်လွှားခြင်း ၂။ သဒိသမာန = တန်းတူ၊ အဆင့်တူ အချင်းချင်း ဂရုစိုက်စရာမလိုဟု နှလုံးသွင်းခြင်း ၃။ ဟီနမာန = သူ့အောက်ကျက ဘာအရေးလဲဟု မာန်မူခြင်း

25 လောဘကြောင့် ရုပ်ဖြစ်ပုံ

26 လောဘမူစိတ်ဖြင့် ပုံဖေါ်ထားသော အလှ
လမင်းမျက်နှာ သမင်မျက်လုံး ငါးရံကိုယ်လုံး နှင်းဆီဖူးနှုတ်ခမ်း ဆင်နှာမောင်းလ က်အစုံ

27 လောဘ အရင်းခံစိတ်ကြောင့် ကျူးလွန်တတ်သော ဒုစရိုက်
၁။ အဒိန္နာဒါန ပိုင်ရှင်မပေးသော ဥစ္စာကိုယူခြင်း ၂။ ကာမေသုမိစ္ဆာစာရ မိမိကာမပိုင်မှတပါး အခြားသူများနှင့် မှားယွင်းခြင်း ၃။ မုသာဝါဒ မမှန်သောစကားကို ပြောဆိုခြင်း ၄။ ပိသုဏ၀ါစာ ကုန်းတိုက်၊ အတင်းပြောခြင်း ၅။ သမ္ဖပ္ပလာပ အနှစ်မရှိသော စကားကိုပြောခြင်း ၆။ အဘိဇ္ဈာ သူတစ်ပါးဥစ္စာကို မတရားလိုချင်ခြင်း ၇။ မိစ္ဆာဒိဋ္ဌိ အမှားယူခြင်း

28 လောဘကြောင့် ရနိုင်သည့်အကျိုး
၁။ ပြိတ္တာဖြစ်ရခြင်း ၂။ အသုရကာယ်ဖြစ်ရခြင်း ၃။ ဆင်းရဲတတ်ခြင်း ၄။ မာနကြောင့် ဘ၀နိမ့်ကျတတ်ခြင်း

29 လောဘကြောင့် ရနိုင်တဲ့ ဒုက္ခ
ရှာဖွေရတဲ့ ဒုက္ခ ၁။ ပရိယေသန ဒုက္ခ ထိန်းသိမ်းရတဲ့ ဒုက္ခ ၂။ အာရက္ခ ဒုက္ခ

30 လောဘမူစိတ်ကို အနိုင်ယူနည်း
၁။ လောဘ ကို ဒါနဖြင့် အနိုင်ယူ ၂။ မာန ကို ရိုသေခြင်း (ဂါရ၀)၊ မိမိကိုယ်ကို နှိပ်ချခြင်း (နိဝါတ) ဖြင့် အနိုင်ယူ ၃။ ဒိဋ္ဌိ ကို ၀ိပဿနာတရား ပွားများခြင်းဖြင့် အနိုင်ယူ

31 မိမိကိုယ်ကို ပြန်မေးသင့်သည်မေးခွန်း
၁။ လိုအပ်လို့ ရှာဖွေနေတာလား (ရှိသင့်တဲ့ လောဘ) ၂။ လိုချင်လို့ ရှာဖွေနေတာလား (မရှိသင့်တဲ့ လောဘ) ၃။ အများအတွက် ဖြည့်ဖို့လုပ်နေတာလား ( ရှိသင့်သည့် အတ္တ) ၄။ ငါ့အတွက် ပြည့်ဖို့လုပ်နေတာလား ( မရှိသင့်သည့် အတ္တ) ၅။ တိုးတက်ဖို့အတွက် ကြိုးစားတာလား ( ရှိသင့်သည် မာန) ၆။ ကြွားဝါဖို့အတွက် ကြိုးစားတာလား ( မရှိသင့်သည့် မာန)

32 ဒေါသမူစိတ် (၂) ပါး ကောင်းသောစိတ်ကို ဖျက်ဆီးခြင်း၊ မိမိ၏ကောင်းသောစိတ်ကို ပျက်စီးစေ ခြင်းသည် ဒေါသမည်၏။ ၁။ တိုက်တွန်းသူ မရှိဘဲ ဒေါသဖြစ်ခြင်း ၂။ တိုက်တွန်းသူကြောင့် ဒေါသဖြစ်ခြင်း ၁။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိက ၂။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက ဒေါမနဿ= စိတ်ဆိုး ပဋိဃ = ကြမ်းတမ်း

33 ဒေါသ၏ ခြေရာများ ၁။ သောက စိုးရိမ်ခြင်း ၂။ ပရိဒေ၀ ငိုကြွေးခြင်း
၁။ သောက စိုးရိမ်ခြင်း ၂။ ပရိဒေ၀ ငိုကြွေးခြင်း ၃။ ဒုက္ခ ကိုယ်ဆင်းရဲ ပူပန်ခြင်း ၄။ ဒေါမနဿ စိတ်ပူပန်ခြင်း၊နှလုံးမသာယာခြင်း ၅။ ဥပါယာသ သောက၊ ပရိဒေ၀တို့ထက် လွန်ကဲကာ ရှိုက်ကြီးတငင် ငိုကြွေးခြင်း

34 တားလို့မရနိုင်သည့်အရာ (၅) မျိုး
၁။ အိုခြင်း ၂။ နာခြင်း ၃။ သေခြင်း ၄။ ကုန်ခြင်း ၅။ ပျက်ခြင်း

35 ဒေါသမူစိတ်ကို ဖြစ်စေနိုင်သည့် အကြောင်းများ
၂။ ဣဿာ သူတစ်ပါး ဂုဏ်ကို လက်မခံနိုင်မှု (မနာလိုမှု) ၁။ ဒေါသ မကျေနပ်မှု ၃။ မစ္ဆရိယ ၀န်တိုမှု ၄။ ကုက္ကုစ္စ ပြုမိသောအကုသိုလ်၊ မပြုမိသော ကုသိုလ်နှင့် ပတ်သက်၍ နောင်တရမှု

36 မစ္ဆရိယ (၅) မျိုး ၁။ အာဝါသ မစ္ဆရိယ နေရာစသည်၌ ၀န်တိုမှု
ဆွေမျိုး၊ အပေါင်းအသင်းစသည်၌ ၀န်တိုမှု ၂။ ကုလ မစ္ဆရိယ ပစ္စည်းစသည်၌ ၀န်တိုမှု ၃။ လာဘ မစ္ဆရိယ အဆင်းလှခြင်းစသည်၌ ၀န်တိုမှု ၄။ ၀ဏ္ဏ မစ္ဆရိယ မိမိတတ်ထားသည့်ပညာ၊ အသိစသည်တို့၌ ၀န်တိုမှု ၅။ ဓမ္မ မစ္ဆရိယ

37 ကုက္ကုစ္စ (၃) မျိုး ၁။ နီဝရဏကုက္ကုစ္စ = နီဝရဏတရားတွင်ပါဝင်သော ဤကုက္ကုစ္စစေတသိက် ၂။ ၀ိနယကုက္ကုစ္စ = အပ်သလော မအပ်သလောဟု ၀ိနည်းအရာ၌စဉ်းစားမှု ၃။ အသံယတကုက္ကုစ္စ = ဘုရားရှိခိုး၊ပရိသတ်အစည်းအဝေး စသည်၌ ကိုယ်နှုတ်ကိုမစောင့် စည်းဘဲ လက်လှုပ်၊ခြေလှုပ်၊စကားပြော၊ချွဲသလိပ်ဟတ်မှုစသော မလျှော် မလျှောက်ပတ် သော ကိုယ်နှုတ်အမူအရာ။

38 ဒေါသအရင်းခံစိတ်ကြောင့် ကျူးလွန်တတ်သော ဒုစရိုက်
၁။ ပါဏာတိပါတ အသက်သတ်ခြင်း၊ နှိပ်စက်ခြင်း ၂။ အဒိန္နာဒါန ပိုင်ရှင်မပေးသော ဥစ္စာကိုယူခြင်း ၃။ မုသာဝါဒ မမှန်သောစကားကို ပြောဆိုခြင်း ၄။ ပိသုဏ၀ါစာ ကုန်းတိုက်၊ အတင်းပြောခြင်း ၅။ ဖရုသ၀ါစာ ကြမ်းတမ်းသော စကားကိုပြောခြင်း ၆။ သမ္ဖပ္ပလာပ အနှစ်မရှိသော စကားကိုပြောခြင်း ၇။ ဗျာပါဒ နှိပ်စက်ရန် အမြဲစိတ်ကူးနေခြင်း

39 ဒေါသကြောင့် ရနိုင်သည့် အကျိုးများ
ဒေါသကြောင့် ရနိုင်သည့် အကျိုးများ ၁။ ငရဲသို့ကျရောက်ရခြင်း ၂။ ရုပ်ဆိုး အကျည်းတန်ခြင်း ၃။ လူမုန်းများခြင်း

40 ဒေါသကြောင့် ရုပ်ဖြစ်ပုံ
၁။ ရုပ် ခက်ထန်၊ ကြမ်းတမ်း၊ မာကျောလာခြင်း ၂။ ငိုကြွေးခြင်း ၃။ ညီးညူခြင်း ၄။ ပိန်ခြင်း ၅။ ရောဂါထူခြင်း

41 ဒေါသကြောင့် ဖြစ်နိုင်သည့် ရောဂါများ
၁။ ဇက်ကြော တောင့်တင်းခြင်း ၂။ လည်ချောင်းတွင် အလုံးဆို့ခြင်း ၃။ အစာအိမ်၌ အနာဖြစ်သကဲ့သို့ ဗိုက်နာခြင်း ၄။ သည်းခြေ၌ အနာဖြစ်သကဲ့သို့ ဗိုက်နာခြင်း ၅။ လေထိုး၊ လေပွခြင်း ၆။ ခေါင်းမူးခြင်း ၇။ ခေါင်းကိုက်ခြင်း ၈။ ၀မ်းချုပ်ခြင်း ၉။ မောပန်းခြင်း ၁၀။ နှလုံးရောဂါဖြစ်တတ်ခြင်း

42 ဒေါသကို အနိုင်ယူနည်း ၁။ မေတ္တာပွားခြင်း (ဒေါသကိုနိုင်)
၁။ မေတ္တာပွားခြင်း (ဒေါသကိုနိုင်) ၂။ ကရုဏာထားခြင်း ( မစ္ဆရိယကိုနိုင်) ၃။ မုဒိတာပွားခြင်း (ဣဿာကိုနိုင်) ၄။ ဥပေက္ခာထားခြင်း နှင့် (ကုက္ကုစ္စကိုနိုင်) ၅။ အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်အောင် ကြိုးစားခြင်း

43 ရှိသင့်သော ဒေါသ နှင့် မရှိသင့်သော ဒေါသ
ဒေါသအတုသည် ရှိသင့်သည် သောက၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စတို့ မရှိသင့်

44 မောဟမူစိတ် (၂) ပါး သိသင့်တာကို မသိ၊မသိသင့်တာကို သိခြင်းသည် မောဟမည်၏။
သိသင့်တာကို မသိ၊မသိသင့်တာကို သိခြင်းသည် မောဟမည်၏။ ၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ် ၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ် ရတနာသုံးပါးနှင့် ကံ၊ကံ၏အကြောင်း၊အကျိုးတို့ပေါ်တွင် ယုံမှားခြင်း သည် ၀ိစိကိစ္ဆာ။ ပျံ့လွင့်သောစိတ်သည် ဥဒ္ဓစ္စ။

45 မောဟမူစိတ်ကို ဖြစ်စေနိုင်သည့် အကြောင်းများ
၁။ မောဟ မသိသင့်သည်ကို သိခြင်း၊ သိသင့်သည်ကို မသိခြင်း ၂။ အဟိရိက မကောင်းမှု ပြုရမှာကို မရှက်ခြင်း ၃။ အနောတ္တပ္ပ မကောင်းမှု ပြုရမှာကို မကြောက်ခြင်း ၄။ ဥဒ္ဓစ္စ စိတ်ပျံ့လွင့်ခြ င်း

46 မောဟကြောင့် ရနိုင်သည့်အကျိုးများ
၁။ တိရစ္ဆာန် ဖြစ်ရခြင်း ၂။ အသိဉာဏ် ထိုင်းမှိုင်းခြင်း

47 မောဟကို အနိုင်ယူနည်း ၁။ သတိရှိခြင်း ၂။ သမထ ၀ိပဿနာ ဘာဝနာပွားခြင်း

48 လောကတွင် အမှောင်ကျစေသော အရာများ
1. WAR 2. BUSINESS 3. MASS MEDIA 4. RELIGIOUS MILITARY MONEY MEDIA MISSIONARY NO PEACE LOST CULTURE NO MORALITY NOT FREE FROM SUFFERING

49 သမ္ပဒါ= ပြည့်စုံရမည့် တရား (၄) ပါး
၁။ ဥဋ္ဌာနသမ္ပဒါ ကြိုးစားအားထုတ်မှု ၀ီရိယနှင့်ပြည့် စုံခြင်း ၂။ အာရက္ခသမ္ပဒါ ရှာဖွေရရှိလာသည့်  ပစ္စည်းကို စည်းကမ်းရှိစွာ သိမ်းဆည်းခြင်း ၃။ သမဇီဝိတသမ္ပဒါ ပစ္စည်းဥစ္စာများကို စနစ် တကျသုံးစွဲခြ င်း ၄။ ကလျာဏမိတ္တသမ္ပဒါ ကောင်းရာကိုညွန် ပြတတ် သည့် သူတော်ကောင်းများ ရှိခြင်း

50 အလုပ်မရှုပ်ထွေးကြောင်း (၅) ပါး
၁။ အချိန်သိခြင်း = အချိန်မှန်မှန်လုပ်မှု ၂။ သင့်အောင်ပြုခြင်း = အလုပ်နှင့်လျော်သော အရပ်စသည်ကို ရွေးချယ်မှု ၃။ မပျင်းရိခြင်း = ပူ၊အေး၊မိုးချုပ်၊စော၊ဆာ၊ ၀မ်းပြည့်လွန်းသည်ဟု ဆင်ခြေမပေးခြင်း ၄။လုံ့လရှိခြင်း = ၀ီရိယဖြင့် နားလည် ကျွမ်းကျင်စွာ လုပ်နိုင်မှု ၅။ မပျက်စီးစေခြင်း = အလုပ်ကို ကောင်းစွာလုပ်မှု (မိန်းမလိုက်စားခြင်း၊ သေသောက်ကြူးခြင်း၊လောင်းကစားလုပ်ခြင်း စသော စီးပွားပျက်ကြောင်းများကို ရှောင်ကြဉ်ခြင်းတည်း)

51 Maslow’s Hierarchy of Needs

52 Reaction Asia ( Eastern) 1. Emotional 2. Rational 3. Law

53 Reaction Europe ( Western) 1. Law 2. Rational 3. Emotional

54 ဒုစရိုက် (၁၀) ပါး ကာယကံ သုံးပါး ၁။ ပါဏာတိပါတ
သူ့အသက်သတ်ခြင်း၊ ဒုက္ခပေးခြင်း ၂။ အဒိန္နာဒါန ပိုင်ရှင်မပေးသော ဥစ္စာကိုယူခြင်း ၃။ ကာမေသုမိစ္ဆာစာရ သူတစ်ပါး သားမယားအပေါ်၌ မှားယွင်းစွာပြုမူခြင်း

55 ပါဏာတိပါတ ကံမြောက်ကြောင်း အင်္ဂါ (၅)ပါး

56 အဒိန္နာဒါနကံမြောက်ကြောင်း (၅) ပါး

57 ကာမေသုမိစ္ဆာစာရကံမြောက်ကြောင်း (၄) ပါး

58 ဒုစရိုက် (၁၀) ပါး ၀စီကံ လေးပါး ၁။ မုသာဝါဒ မမှန်သော စကားကိုပြောဆိုခြင်း
မမှန်သော စကားကိုပြောဆိုခြင်း ၂။ ပိသုဏ၀ါစာ အချစ်ပျက်စေသော စကားကိုပြောခြင်း ၃။ ဖရုသ၀ါစာ ကြမ်းတမ်းသော စကားကိုပြောခြင်း ၄။ သမ္ဖပ္ပလာပ အကုသိုလ်ဖြစ်စေမည့် စကားကိုပြောခြင်း

59 မုသာဝါဒကံမြောက်ကြောင်း (၄) ပါး

60 ပိသုဏ၀ါစာကံမြောက်ကြောင်း (၄) ပါး

61 ဖရုသ၀ါစာကံမြောက်ကြောင်း (၃) ပါး

62 သမ္ဖပ္ပလာပကံမြောက်ကြောင်း (၃) ပါး

63 ဒုစရိုက် (၁၀) ပါး မနောကံ သုံးပါး ၁။ အဘိဇ္ဈာ
သူတစ်ပါး ဥစ္စာကို မတရားရယူလိုခြင်း ၂။ ဗျာပါဒ သူတစ်ပါးကို နှိပ်စက်ရန် ကြံစည် တွေးတောခြင်း ၃။ မိစ္ဆာဒိဋ္ဌိ မှားသော အယူရှိခြင်း

64 အဘိဇ္ဈာဖြစ်ခြင်းအင်္ဂါ (၂) ပါး

65 ဗျာပါဒဖြစ်ခြင်းအင်္ဂါ (၂) ပါး

66 မိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအင်္ဂါ (၂) ပါး

67 ကံမြောက်ကြောင်း မူလအရင်းခံတရားများ
ပါဏာတိပါတ ဖရုသ၀ါစာ ဗျာပါဒ ဒေါသ အရင်းခံစိတ်ကြောင့် ကာမမေသုမိစ္ဆာစာရ အဘိဇ္ဈာ မိစ္ဆာဒိဋ္ဌိ လောဘ အရင်းခံစိတ်ကြောင့်  အဒိန္နာဒါန မုသာဝါဒ ပိသုဏ၀ါစာ သမ္ဖပ္ပလာပ ရံခါ လောဘ အရင်းခံ၊ ရံခါ ဒေါသ အရင်းခံစိတ်ကြောင့်  ထိုဒုစရိုက်တို့သည်  အကုသိုလ်စိတ် ၁၂ ပါးကြောင့်ဖြစ်ရသည်

68 သုရာမေရယ အပြစ်များ အရက်သေစာ၊ သောက်စားပါမူ၊ ရောဂါလည်းများ၊
အရက်သေစာ၊ သောက်စားပါမူ၊ ရောဂါလည်းများ၊ ခိုက်ရန်ပွား၍၊ စီးပွားလည်းပျက်၊ နာမည်ပျက်၏၊ ကြောက်ရှက်မဲ့လျင်း၊ သတိကင်းလျက်၊ လုပ်ခင်းဆောင်တာ၊ မေ့လျော့ခါဖြင့်၊ ပညာလည်းမဲ့၊ ဉာဏ်နုံ့နဲ့၍၊ ကင်းမဲ့ဆင်ခြင်၊ မြော်မြင်မရှိ၊ ပြုမိပြုရာ၊ ပြုတတ်စွာ၏၊ ၀ါစာဖရု၊ ပိသု မုသာ၊ ထင်ရာပြောငြား၊ သမီးသားလည်း၊ စိတ်ထားမတည်၊ ဟိရီမကပ်၊ သြတ္တပ်မယှဉ်၊ ကတညုတ၊ ကတဝေဒီ၊ မသိတတ်ငြား၊ ဇိုးသမားသည်၊ လေးပါးအပါယ် ဖြောင့်ဖြောင့်တည်း။

69 အမျှပေးလို့ရတဲ့ အကုသိုလ်

70 ဒုစရိုက်အပြား (၄၀) ၁။ ကိုယ်တိုင်ြ ပုလုပ်ခြင်း ၂။ တိုက်တွန်ြး ခင်း
၁။ ကိုယ်တိုင်ြ ပုလုပ်ခြင်း ၂။ တိုက်တွန်ြး ခင်း ၃။ ချီးမွမ်းခြ င်း ၄။ သဘောတူခြင်း ဒုစရိုက် (၁၀) ပါး ဒုစရိုက် (၄၀)

71 သြကာသကန်တော့ သြကာသ၊ သြကာသ၊ သြကာသ ကာယကံ၊ ၀ိစီက၊ မနောကံ၊ ဤကံသုံးပါးတို့တွင်၊ တစ်ပါးပါးသော ကံဖြင့်၊ ပြစ်မှားမိသည်ရှိသော်၊ သဗ္ဗဒေါသ၊ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျော် မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

72 ကပ်သုံးပါး ကပ်သုံးပါး ၁။ သတ္ထန္တရကပ် (လက်နက်ဘေး- ဒေါသ)
၂။ ရောဂန္တရကပ် (ရောဂါဘေး- မောဟ) ၃။ ဒုဗ္ဘိက္ခန္တရကပ် (အငတ်ဘေး - လောဘ)

73 မရနိုင်သောကြောင့် ရပ်ပြစ်ဟုခေါ်သည်
ရပ်ပြစ်ရှစ်ပါး ၁။ ငရဲ ၈။ သာသနာ ပြင်ပ ၂။ တိရစ္ဆာန် မဂ်၊ ဖိုလ် မရနိုင်သောကြောင့် ရပ်ပြစ်ဟုခေါ်သည် ၇။ အယူ မှားခြင်း ၃။ ပြိတ္တာ ၆။ အင်္ဂါ ချို့ယွင်း ၄။ အသည သတ် ၅။ ပစ္စန္တရစ်

74 ရန်သူမျိုး (၅) ပါး ၁။ ရေ ၂။ မီး ၃။ မင်း ၅။ အမွေ ခံဆိုး ၄။ ခိုးသူ

75 ပယောဂ၀ိပတ္တိအစား ဂတိဝိပတ္တိဟုလည်းသုံးသေးသည်
ဝိပတ္တိတရား ၄ပါး ၁။ ကာလ ၀ိပတ္တိ ၀ိပတ္တိတရား ၄ပါး ၄။ ပယောဂ၀ိပတ္တိ ၂။ ဥပဓိ ၀ိပတ္တိ ၃။ သီလ ၀ိပတ္တိ ပယောဂ၀ိပတ္တိအစား ဂတိဝိပတ္တိဟုလည်းသုံးသေးသည်

76 ဗျသနတရား (၅) ပါး ဉာတိ ဗျသန ဗျသနတရား (၅) ပါး ဒိဋ္ဌိ ဗျသန ဘောဂ ဗျသန သီလ
ရောဂ ဗျသန

77 လူ ကုသိုလ်၊ ကောင်းမှု၊ မြင့်မြတ်သောစိတ်ဖြင့် ဘ၀ကို မြှင့်တင်နိုင်သူကို လူ ဟုခေါ်သည်။ မနုဿ မန = စိတ်ကို ဥဿ = မြှင့်တင်နိုင်သူ

78 အပါယ် လူ များ အပါယ် လူ များ
၁။ လူ့ ပြိတ္တာ လိုချင်မှုစသော လောဘဖြင့် ဘ၀ကို ဖြတ်သန်းသူ ၂။ လူ့ အသူရကာယ် ဘုရားသွား၊ ကျောင်းတက် ကုသိုလ်လုပ်ရမှာ ကြောက်နေသူ အပါယ် လူ များ ၃။ လူ့ တိရစ္ဆာန် အပျော်အပါး၊ မေ့လျော့မှုဖြင့် ဘ၀ကိုဖြုန်းတီးသူ ၄။ လူ့ ငရဲ ပစ္စည်းပူ၊သားသ မီးပူစသော အပူဖြင့် ဘ၀ကိုဖန်တီးသူ

79 Nature and Nurture Nature ဆိုတာ သက်ရှိသတ္တ၀ါအားလုံးနဲ့ ပတ်သက်နေတဲ့ အရာပါ။ သက်ရှိသတ္တ၀ါတွေထဲမှာ အသိရှိဆုံးဖြစ်နိုင်တဲ့ လူသားတစ်ယောက် အနေနဲ့ Nature နဲ့ နေတာထက် Nurture နဲ့ နေဖို့လိုအပ်ပါတယ်။ nature nurture

80 အောင်မြင်ရန် လူသားတွင် ရှိသင့်သည့် အရည်အသွေး
1. Intrapersonal Skill 2. Interpersonal Skill 3. Flexibility & Adaptability 4. Self-Confident & Open minded 5. Stress management 6. General Mood

81 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ လောကုတ္တရာစိတ်

82 အကုသလဝိပါက်စိတ် (၇) ပါး အဟိတ်ကုသလဝိပါက်စိတ် (၈) ပါး
အဟိတ်စိတ် (၁၈) ပါး အကုသလဝိပါက်စိတ် (၇) ပါး အဟိတ်ကုသလဝိပါက်စိတ် (၈) ပါး အဟိတ်ကြိယာစိတ် (၃) ပါး ပါဠိခက်ဆစ် အဟိတ် (အဟေတုက) = (ယှည်ဘက်) ဟိတ် မရှိသောစိတ် ကုသိုလ် (ကုသလ) = အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်း လက္ခဏာ ဝိပါက် (ဝိပါက) = အကျိုးတရား (ကုသိုလ်နှင့် အကုသိုလ်တို့သည် အကြောင်းတရား) ကြိယာ = ပြုကာမျှဖြစ်သောစိတ် (အကျိုးပေးခြင်း သဘောမရှိ၊ အားထုတ်ကာမျှ သဘော)

83 အကုသလ ဝိပါက်စိတ် (၇) ပါး
၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ် (မျက်စိ) ၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ် (နား) ၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ် (နှာခေါင်း) ၄။ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ် (လျှာ) ၅။ ဒုက္ခသဟဂုတ် ကာယဝိညာဏ် (ကိုယ်) ၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်း (လက်ခံ) ၇။ ဥပေက္ခာသဟဂုတ် သန္တီရဏ (စုံစမ်း) မှတ်ချက်။ ။ အကုသလ၀ိပါက်စိတ်သည် ဥပေက္ခာ ၆ ပါး ဒုက္ခ ၁ ပါးရှိ၏။

84 အဟိတ်ကုသလ ဝိပါက်စိတ် (၈) ပါး
၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ် ၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ် ၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ် ၄။ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ် ၅။ သုခသဟဂုတ် ကာယဝိညာဏ် ၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုန်း ၇။ သောမနဿသဟဂုတ် သန္တီရဏ ၈။ ဥပေက္ခာသဟဂုတ် သန္တီရဏ

85 မကောင်းသည့် အာရုံများကို ပယ်ဖျောက်နည်း
မကောင်းသည့် အာရုံ၊ ကောင်းသည့် အာရုံကို တွေကြုံရခြင်းသည့် မိမိ၏ အတိတ်ကံနှင့်သာ သက်ဆိုင်သည်ဟု သဘောထားခြင်း တွေ့ကြုံရသည့် အာရုံများကို စိတ်သဘောထားမှန်စွာဖြင့် ခံယူခြင်း

86 အဟိတ်ကြိယာစိတ် (၃) ပါး ၁။ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်း
၁။ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်း ၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်း ၃။ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ် ပါဠိခက်ဆစ် ပဉ္စဒွါရာဝဇ္ဇန်း (ပဉ္စဒွါရာဝဇ္ဇန) = ပဉ္စဒွါရ၌ ဆင်ခြင်သောစိတ် (တံခါးဖွင့်စိတ်) မနောဒွါရာဝဇ္ဇန်း (မနောဒွါရာဝဇ္ဇန) = မနောဒွါရ၌ ဆင်ခြင်သောစိတ်၊ ဆုံးဖြတ် (ဝုဋ္ဌော) ဟသိတုပ္ပါဒ် (ဟသိတုပ္ပါဒ) = ပြုံးရယ်မှုကို ဖြစ်စေသောစိတ် (ဘုရား၊ ရဟန္တာတို့၌သာဖြစ်)

87 အသောဘနစိတ် (၃၀) သောဘနစိတ်မှ တစ်ပါးသောစိတ်များ (န+သောဘနာနိ = အသောဘနာနိ)
သောဘနစိတ်မှ တစ်ပါးသောစိတ်များ (န+သောဘနာနိ = အသောဘနာနိ) မတင့်တယ်သောစိတ်များ အကုသိုလ်စိတ် (၁၂) ပါး လောဘမူစိတ် (၈) ပါး ဒေါသမူစိတ် (၂) ပါး မောဟမူစိတ် (၂) ပါး အဟိတ်စိတ် (၁၈) ပါး အကုသလဝိပါက်စိတ် (၇) ပါး အဟိတ်ကုသလဝိပါက်စိတ် (၈) ပါး အဟိတ်ကြိယာစိတ် (၃) ပါး အသောဘနစိတ် (၃၀)

88 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ လောကုတ္တရာစိတ်

89 ကုသိုလ်ဖြစ်ကြောင်းတရား (၄) ပါး
၁။ နိယမိတ ကုသိုလ်ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချ ထားခြင်း ၂။ ပရိဏာမိတ မိမိစိတ်ကို ကုသိုလ်ဖက်သို့ ညွတ်အောင်လုပ်ထားခြင်း ၃။ အာဘုဇိတ ကုသိုလ်ကိုအြ မဲ နှလုံးသွင်ြး ခင်း ၄။ သမုဒါစာရ ကုသိုလ်ဖြစ်ဖို့ အလေ့အကျင့် ရှိခြင်း

90 ကာမာဝစရ သောဘနစိတ် (၂၄) အပြစ်မရှိခြင်း၊ ကောင်းသော အကျိုးကိုပေးခြင်းသဘောသည် ကုသိုလ် = ကောင်းမှု မည်၏။ မဟာကုသိုလ်စိတ် (၈) ပါး မဟာဝိပါက်စိတ် (၈) ပါး မဟာကြိယာစိတ် (၈) ပါး ကာမာဝစရ = ကာမဘုံ၌အဖြစ်များသောစိတ် သောဘန = ကောင်းသောစိတ် ကာမာဝစရ သောဘနစိတ် (၂၄) ပါး

91 မဟာကုသိုလ်စိတ် (၈) ပါးကို မြန်မာလိုဖြင့်ရေတွက်ခြင်း
သောမနဿ (၄) ပါး ၁။ စိတ်ပါ ဉာဏ်ယှဉ် သူများမခိုင်း ၂။ စိတ်ပါ ဉာဏ်ယှဉ် သူများခိုင်း ၃။ စိတ်ပါ ဉာဏ်မယှဉ် သူများမခိုင်း ၄။ စိတ်ပါ ဉာဏ်မယှဉ် သူများခိုင်း ဥပေက္ခာ (၄) ပါး ၅။ စိတ်မပါ ဉာဏ်ယှဉ် သူများမခိုင်း ၆။ စိတ်မပါ ဉာဏ်ယှဉ် သူများခိုင်း ၇။ စိတ်မပါ ဉာဏ်မယှဉ် သူများမခိုင်း ၈။ စိတ်မပါ ဉာဏ်မယှဉ် သူများခိုင်း

92 ဉာဏ် (၃) မျိုး ဉာဏ် (၃) ပါး ၁။ ကံ အကျိုးသိ ဉာဏ် ( ကမ္မသကတဉာဏ်)
၂။ အကြောင်းသိ ဉာဏ် ( ပစ္စယပရိဂ္ဂဟဉာဏ်) ၃။ ရုပ်၊ နာမ်သိ ဉာဏ် ( ၀ိပဿနာဉာဏ်)

93 ၀ိရတီ (၃) ပါး ၁။ သမ္မာဝါစာ အသက်မွေးဝမ်းကြောင်းနှင့် မဆက်စပ်ဘဲ
အသက်မွေးဝမ်းကြောင်းနှင့် မဆက်စပ်ဘဲ ၀စီဒုစရိုက် လေးပါးကို ရှောင်ကြဉ်ခြင်းသဘော ၂။ သမ္မာကမ္မန္တ အသက်မွေးဝမ်းကြောင်းနှင့် မဆက်စပ်ဘဲ ကာယဒုစရိုက် သုံးပါးကို ရှောင်ကြဉ်ခြင်းသဘော ၃။ သမ္မာအာဇီဝ အသက်မွေးဝမ်းကြောင်းနှင့် ဆက်စပ်၍ ၀စီဒုစရိုက် လေးပါး၊ ကာယဒုစရိုက် သုံးပါးကို ရှောင်ကြဉ်ခြင်း သဘော

94 ၀ိရတီ (၃)မျိုး ၁။ သမ္ပတ္တ၀ိရတီ ၂။ သမာဒါန၀ိရတီ ၃။ သမုစ္ဆေဒ၀ိရတီ
သီလမယူထားသော် လည်း တွေ့ကြုံလာ သည့်အရာကိုရှောင် ကြဉ်ခြင်း ၂။ သမာဒါန၀ိရတီ သီလကိုဆောက် တည်ထားခြင်း ၃။ သမုစ္ဆေဒ၀ိရတီ မဂ်ဖြင့်ဖြတ်ထားခြင်း

95 အပ္ပမညာ (၂ ) ပါး နှင့် ပညာ အပ္ပမညာ (၂ ) ပါး ပညာ ၁။ ကရုဏာ
ဒုက္ခိတသတ္တ၀ါပညတ်ကို အာရုံပြု၍ သနားခြင်းသ ဘော ၂။ မုဒိတာ သုခိတသတ္တ၀ါပညတ်ကို အာရုံပြု၍ ၀မ်းမြောက်ခြင်း သဘော ပညာ အာရုံ၏ အမှန်သဘောကို ထိုးထွင်း၍ သိခြင်းသဘော အကောင်းအဆိုး၊ အကြောင်း အကျိုးများကို မှန်ကန်စွာသိခြင်းသဘော

96 မဟာကုသိုလ်၏ အကျိုးပေးများ
မဟာကုသိုလ်စိတ် ပဋိသန္ဓေအကျိုး ၁။ စိတ်ပါ ဉာဏ်ယှဉ် သူများမခိုင်း ၂။ စိတ်ပါ ဉာဏ်ယှဉ် သူများခိုင်း ၃။ စိတ်ပါ ဉာဏ်မယှဉ် သူများမခိုင်း ၄။ စိတ်ပါ ဉာဏ်မယှဉ် သူများခိုင်း ၅။ စိတ်မပါ ဉာဏ်ယှဉ် သူများမခိုင်း ၆။ စိတ်မပါ ဉာဏ်ယှဉ် သူများခိုင်း ၇။ စိတ်မပါ ဉာဏ်မယှဉ် သူများမခိုင်း ၈။ စိတ်မပါ ဉာဏ်မယှဉ် သူများခိုင်း  တိဟိတ် ဖြစ်ရခြင်း ( ဈာန်၊ မဂ်၊ ဖိုလ်ရနိုင်)  ဒွိဟိတ် ဖြစ်ရခြင်း ( ဈာန်၊ မဂ်၊ ဖိုလ်မရနိုင်)  ဒွိဟိတ် ဖြစ်ရခြင်း  သုဂတိအဟိတ် ဖြစ်ရခြင်း ( ဆွံ့အ၊ နားမကြား၊ မသန်မစွမ်းဖြစ်ရခြင်း)  တိဟိတ် ဖြစ်ရခြင်း  ဒွိဟိတ် ဖြစ်ရခြင်း  ဒွိဟိတ် ဖြစ်ရခြင်း  သုဂတိအဟိတ် ဖြစ်ရခြင်း

97 မဟာကုသိုလ်ကြောင့် ရောက်နိုင်သော ဘုံ
၁။ ဒါန၊ သီလနည်းကာ ဘာဝနာမပါက လူ့ဘုံ ၂။ ဒါန၊ သီလများကာ ဘာဝနာမပါက နတ်ပြည် (၆)ထပ် မှတ်ချက်။ ။ ကုသိုလ်များပြီး အကုသိုလ် အနည်းငယ်ပါက နတ်အသုရာ ဖြစ်ကာ အကုသိုလ်များပြီး ကုသိုလ်နည်းပါက ပြိတ္တာ အသုရာ ဖြစ်သည်။

98 ကာမာဝစရစိတ် (၅၄) ပါး ကာမာဝစရစိတ် (ကာမစိတ်)
ကာမဘုံ၌ များသောအားဖြင့် ကျင်လည်တတ်၊ ဖြစ်တတ်သောစိတ် အကုသိုလ်စိတ် (၁၂) ပါး အဟိတ်စိတ် (၁၈) ပါး ကာမာဝစရသောဘနစိတ် (၂၄) ပါး ကာမာဝစရစိတ် (၅၄) ပါး

99 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ လောကုတ္တရာစိတ်

100 ပုဂ္ဂိုလ် (၁၂) ယောက် ၁။ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် အပါယ်လေးဘုံသား
၂။ သုဂတိအဟိတ် ပုဂ္ဂိုလ် လူ့ဘုံ၊ စာတုမဟာရာဇ် ဘုံတို့၌ဖြစ်သော ဆွံ့အ၊ နားမကြား၊ မသန်စွမ်းပုဂ္ဂိုလ် နှင့် အသညသတ်ဘုံသားများ ၃။ ဒွိဟိတ် ပုဂ္ဂိုလ် အလောဘ၊ အဒေါသဟူသော ဟိတ်နှစ်ပါးနှင့် ပဋိသန္ဓေ နေသော ပုဂ္ဂိုလ် ၄။ တိဟိတ် ပုဂ္ဂိုလ် အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟိတ်သုံးပါးနှင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ် ၅။ အရိယာပုဂ္ဂိုလ် ရှစ်ယောက်

101 ပုဂ္ဂိုလ် ဖြစ်စေနိုင်သည့်စိတ်
လောဘမူစိတ် (၈)ပါး၊ ဒေါသမူစိတ် (၂) ပါးနှင့် မောဟ မူစိတ်ဖြစ်သော ၀ိစိကိစ္ဆာ (၁) ပါး တို့ကြောင့် ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် ဖြစ်ရသည်။ သောမနဿသဟဂုတ် ဉာဏ၀ိပ္ပယုတ် သသင်္ခါရိက စိတ် ဥပေက္ခာသဟဂုတ် ဉာဏ၀ိပ္ပယုတ် သသင်္ခါရိက စိတ် တို့ကြောင့် သုဂတိအဟိတ် ပုဂ္ဂိုလ် ဖြစ်ရသည်။

102 ပုဂ္ဂိုလ် ဖြစ်စေနိုင်သည့်စိတ်
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် ၂။ သောမနဿသဟဂုတ် ဉာဏ၀ိပ္ပယုတ် အသင်္ခါရိကစိတ် ၃။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ် ၄။ ဥပေက္ခာသဟဂုတ် ဉာဏ၀ိပ္ပယုတ် အသင်္ခါရိကစိတ် တို့ကြောင့် ဒွိဟိတ် ပုဂ္ဂိုလ် ဖြစ်ရသည်။

103 ပုဂ္ဂိုလ် ဖြစ်စေနိုင်သည့်စိတ်
၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် ၂။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ် တို့ကြောင့် တိဟိတ် ပုဂ္ဂိုလ် ဖြစ်ရသည်။ မှတ်ချက်။ ။ တိဟိတ်ပုဂ္ဂိုလ်သည်သာ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရား များကို တရားအားထုတ်လျှင်ရနိုင်သည်။

104 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ ပဋိစ္စသမုပ္ပါဒ်နည်း လောကုတ္တရာစိတ်

105 လုပ် ဖြစ် ရောက် ပေး ကံ (၁၆) မျိုး ကိစ္စကံ (၄) မျိုး
၁။ ဇနကကံ ၂။ ဥပတၳမ ၻကကံ ၃။ ဥပပီဠကကံ ၄။ ဥပဃာတကကံ အလှည့်ကျ အကျိုးပေးသည့်ကံ (၄)မျိုး ၁။ ဂရုကံ ၂။ အာသန္နကံ ၃။ အာစိဏ္ဏကံ ၄။ ကဋတ္တာကံ လုပ် ဖြစ် ရောက် ပေး အကျိုးပေးရာကာလနှင့် စပ်သောကံ (၄)မျိုး ၁။ ဒိဋ္ဌဓမ္မဝေဒနိယကံ ၂။ ဥပပဇ္ဇဝေဒနိယကံ ၃။ ပရာပရိယဝေဒနိယကံ ၄။ အဟောသိကံ အကျိုးပေးရာဘုံ (၄) မျိုး ၁။ အပါယ် (၄) ဘုံ ၂။ ကာမသုဂတိ (၇)ဘုံ ၃။ ရူပ (၁၆) ဘုံ ၄။ အရူပ (၄)ဘုံ

106 ကိစ္စကံ (၄) မျိုး ၁။ ဇနကကံ ပဋိသန္ဓေအခါ၊ ပ၀တ္တိအခါတို့၌ အကျိုးကို ဖြစ်စေတတ်သော ကံ ၂။ ဥပတ္ထမ္ဘကကံ ထောက်ပံ့ပေးသည့်ကံ ၃။ ဥပပီဠကကံ နှိပ်စက်တတ်သည့်ကံ ၄။ ဥပဃာတကကံ အကျိုးများပြတ်သွားစေရန် သတ်ဖြတ်တတ်သောကံ

107 ကံ၏သဘာဝ ၁။ အကျိုးပေး (ဇနက) ၂။ သဘာဝတူက ထောက်ပံ့ ( ဥပတ္ထမ္ဘက)
၃။ သဘာဝမတူက အဟန့်အတားလုပ် ( ဥပပီဠက) ၄။ အင်အားကောင်းက ဖြတ်တောက် ( ဥပဃာတက)

108 အလှည့်ကျ အကျိုးပေးသည့်ကံ (၄)မျိုး
၁။ ဂရုကံ ဒုတိယဘ၀၌ အကျိုးပေးမြဲသောကံ ၂။ အာသန္နကံ သေခါနီးဖြစ်သောကံ ၃။ အာစိဏ္ဏကံ အမြဲပြုလုပ်သောကံ ၄။ ကဋတ္တာကံ ရံခါပြုလုပ်ရုံမျှဖြစ်သောကံ

109 မကောင်းသည့် ဂရုကံ (၅)မျိုး
အမေကိုသတ် ၁။ မာတုဃာတက အဖေကိုသတ် ၂။ ပိတုဃာတက ရဟန္တာကိုသတ် ၃။ အရဟန္တ ဘုရားရှင်၏ ခန္ဓာကိုယ်ကို သွေးတည်အောင်လုပ် ၄။ လောဟိတုပ္ပါဒက သံဃာကွဲအောင်လုပ် ၅။ သံဃဘေဒက

110 အကျိုးပေးရာကာလနှင့်စပ်သောကံ (၄)မျိုး
၁။ ဒိဋ္ဌဓမ္မဝေဒနိယကံ ယခုဘ၀တွင် အကျိုးပေးသောကံ ၂။ ဥပပဇ္ဇဝေဒနိယကံ ဒုတိယဘ၀တွင် အကျိုးပေးသောကံ ၃။ အပရာပရိယဝေဒနိယကံ တတိယဘ၀မှစ၍ အကြောင်း တိုက်ဆိုင်က အကျိုးပေးမည့်ကံ ၄။ အဟောသိကံ အကြောင်းချို့တဲ့သည့်အတွက် အကျိုးမပေး နိုင်သော ကံ

111 ဒိဋ္ဌဓမ္မဝေဒနိယကံ အကျိုးပေးနိုင်ရန် အင်္ဂါ
၁။ ၀တ္ထုသမ္ပဒါ အနာဂါမ်၊ ရဟန္တာဟူသော အလှူခံနှင့်ပြည့်စုံခြင်း ၂။ စေတနာသမ္ပဒါ စေတနာထက်သန်ခြင်း ၃။ ပစ္စယသမ္ပဒါ တရားသဖြင့် ရှာဖွေရရှိသော လှူဖွယ်ဖြစ်ခြင်း ၄။ ဂုဏာတိရေကသမ္ပဒါ အလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထပြီးကာစဖြစ်ခြင်း မှတ်ချက်။ ။ အကုသိုလ်ကံ ဒိဋ္ဌဓမ္မအကျိုးပေးရာ၌ အကျူးလွန်ခံဖက်မှ အနာဂါမ်၊ ရဟန္တာဖြစ်ခြင်း၊ နိရောဓသမာပတ်မှထခြင်းနှင့် ကျူးလွန်သည့် ပုဂ္ဂိုလ်ဖက်မှ စိတ်ယုတ်မာရှိခြင်းတို့တည်း။

112 အကျိုးပေးရာဘုံ (၄) မျိုး
၁။ အပါယ် (၄) ဘုံ အကုသိုလ်စိတ် (၁၁) ပါး (ဥဒ္ဓစ္စက အပါယ် အကျိုးမပေး) ၂။ ကာမသုဂတိ (၇) ဘုံ ကာမကုသိုလ်စိတ် (၈) ပါး ၃။ ရူပ (၁၆) ဘုံ ရူပကုသိုလ်စိတ် (၅) ပါး ၄။ အရူပ (၄) ဘုံ အရူပကုသိုလ်စိတ် (၄)ပါး

113 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ လောကုတ္တရာစိတ်

114 ပုညကြိယာဝတ္ထု (၁၀)ပါး ကောင်းသော အကျိုး၏တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော
ကောင်းသော အကျိုး၏တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှု ကုသိုလ်ဖြစ်ကြောင်း တရား (၁၀) ပါးကို ပုညကြိယာဝတ္ထုဟုခေါ် သည်။ ၁။ ဒါန ၂။ သီလ ၃။ ဘာဝနာ ၄။ အပစာယန ၅။ ဝေယျာဝစ္စ ၆။ ပတ္တိဒါန ၇။ ပတ္တာနုမောဒန ၈။ ဓမ္မဿဝန ၉။ ဓမ္မဒေသနာ ၁၀။ ဒိဋ္ဌိဇုကမ္မ

115 ဒါန ၁။ ဒါန ပေးကမ်း၊ စွန့်ကြဲ၊ လှူဒါန်းခြင်း ၂။ ပတ္တိဒါန
ပေးကမ်း၊ စွန့်ကြဲ၊ လှူဒါန်းခြင်း ၂။ ပတ္တိဒါန မိမိကုသိုလ်ကို သူတစ်ပါးတို့အား အမျှပေးဝေခြင်း ၃။ ပတ္တာနုမောဒန သူတစ်ပါးကုသိုလ်အမျှပေးသည်ကို သာဓုခေါ်ခြင်း

116 ဒါနပြုနည်း သံဃဿ ဒေမ (ပစ္စပ္ပန်၊ သံသရာ အကျိုးများစေရန် သမုတိသံဃာနှင့် အရိယာသံဃာ များကို ရည်မှန်းကာ လှူဒါန်းရမည်) နိဗ္ဗာနဿ ပစ္စယော ဟောတု (မိမိတို့ပြုလုပ်သော ကုသိုလ်များသည် ကိလေသာကင်းရာ နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းဖြစ်ပါစေဟု ရည်မှန်းကာ လှူဒါန်းရမည်)

117 လှူနည်း (၅) မျိုး ၁။ ရိုသေစွာလှူ ၂။ စိတ်ပါလက်ပါလှူ ၃။ ကိုယ်တိုင်လှူ
၎။ လွှစ်ပစ်သလိုမလှူရ ၅။ ကံအကျိုးမျှော်၍လှူ

118 အလှူခံပုဂ္ဂိုလ် (၁၄) မျိုးနှင့် လှူရကျိုး
၁။ တိရစ္ဆာန်ကို လှူက ဘ၀ တစ်ရာ ၂။ သီလမဲ့သူကို လှူက ဘ၀ တစ်ထောင် ၃။ သီလရှိသူကို လှူက ဘ၀ တစ်သိန်း ၄။ ဈာန်ရသူကို လှူက ဘ၀ ကုဋေတစ်သိန်း ၅-၁၂။ အရိယာပုဂ္ဂိုလ် (၈) ယောက် ၁၃။ ပစ္စေကဗုဒ္ဓါ နှင့် ၁၄။ ဘုရားရှင်ကို လှူက ဘ၀ အသင်္ချေ၊ အနန္တ

119 အလှူ၏အကျိုးကို အသက်ဖြင့်တွက်ခြင်း
(၇၅ နှစ်ဖြင့်တွက်) ၁။ ရှေ့ဖြစ်သော စေတနာကြောင့် မွေးသည်မှ ၂၅ နှစ်အတွင်း အကျိုးရနိုင် ၂။ အလယ် စေတနာကြောင့် အသက် ၂၆ နှစ်မှ ၅၀ အတွင်း အကျိုး ရနိုင် ၃။ နောက် စေတနာကြောင့် အသက် ၅၁ မှ ၇၅ နှစ်အတွင်း အကျိုးရနိုင်

120 မလှူသင့်သောဒါန (သို့) အပါယ်လားကြောင်း ဒါန
၁။ သေရည် သေရက်အလှူ ၂။ ပွဲလမ်းသဘင်အလှူ ၃။ မိန်းမအလှူ ၄။ သားဖေါက်ရန် နွားလားအလှူ ၅။ ရာဂပွားရန် ပန်းချီးဆေးရေးအလှူ ၆။ လက်နက်အလှူ ၇။ အဆိပ်အလှူ ၈။ သံခြေချင်းအလှူ ၉။ ကြက်၊ ၀က် အလှူ ၁၀။ လိမ်ညာမှုကိုဖြစ်စေသည့် ချိန်ခွင်စသည်အလှူ

121 သီလ ၁။ သီလ ၅ ပါးစသော ရှောင်သီလ ၂။ အပစာယန
ရိုသေလေးစားမှု၊ နားလည်ပေးနိုင်မှု ၃။ ဝေယျာဝစ္စ သူတစ်ပါးကို ကူညီ၊ လုပ်ကိုင်ပေးမှု

122 သားသမီးကျင့်ဝတ် ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ။

123 သား၊သမီး (၃) မျိုး ၁။ မိဘထက် သာသော သား၊ သမီး
မိဘထက် လူမှုရေး၊စီးပွားရေး၊ ပညာရေးအပြင် ဘာသာရေးများကိုပါ စိတ်ပါဝင်စားလျက် အားတက်သရောလုပ်ကာ အောင်မြင်နေသူ ၂။ မိဘနှင့် တန်းတူ သား၊ သမီး ၃။ မိဘ အောက် ယုတ်သော သား၊သမီး မှတ်ချက်။ ။ မိဘများလည်း ၁။ သား၊ သမီးထက် သာသော မိဘ ၂။ သားသမီးနှင့် တန်းတူ မိဘ ၃။ သား၊ သမီးအောက် ယုတ်သော မိဘ ဟု (၃) မျိုးရှိသည်ပင်

124 မိဘကျင့်ဝတ် မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ ပေးဝေနှီးရင်း၊
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

125 တပည့်ကျင့်ဝတ် ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

126 ဆရာကျင့်ဝတ် အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန် ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ ၀တ်ငါးဖြာ။

127 Teacher = Teaching = Education = Active = Clever = Honest = Expert = Research minded T E A C H R

128 Treatment T R E A M N = Treasure = Research minded = Education = Active = Treatment = Mutual respect = Expert = Non-stop = Tolerance

129 လင့်ကျင့်ဝတ် မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊
မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

130 မယားကျင့်ဝတ် အိမ်တွင်းမှုလုပ် ၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြင်ရှောင်၊
မိစ္ဆာကြင်ရှောင်၊ လျော်အောင်ဖြန့် ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

131 မိတ်ဆွေကျင့်ဝတ် ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

132 ရဟန်းကျင့်ဝတ် မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊
နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။

133 ဘ၀နေထိုင်နည်း ၁။ သုဘ ၂။ သုခ ၃။ အတ္တ ၄။ နိစ္စ

134 ဘာဝနာ ၁။ ဘာဝနာ သမထ၊ ၀ိပဿနာ ဘာဝနာ ၂။ ဓမ္မဿဝန တရားတော်ကို နာယူခြင်း
၃။ ဓမ္မဒေသနာ တရားဆွေးနွေးခြင်း၊ တရားဟောကြားခြင်း ၄။ ဒိဋ္ဌိဇုကမ္မ ကံကိုသာယုံကြည်၍ ဖြောင့်မတ်သောအယူရှိခြင်း

135

136

137 အန္တရာယ် (၅) မျိုး ၁။ ကမ္မန္တရာယ် = ပဉ္စာနန္တရိယကံနှင့် ဘိက္ခုနီမ၌ ကျူးလွန်မှု ၂။ ကိလေသန္တရယ် = နိယတ မိစ္ဆာဒိဋ္ဌိ ၃။ ၀ိပါကန္တရာယ် = အဟိတ်၊ ဒွိဟိတ် ပဋိသန္ဓေ၀ိပါက် ၄။ အရိယူပ၀ါဒန္တရာယ် = ယုတ်မာသောစိတ်ဖြင့် အရိယာကို ပြစ်မှားခြင်း ၅။ အာဏာဝီတိက္ကမန္တရာယ် = သိက္ခာပုဒ်ပညတ်ကို ကျူးလွန်ခြင်း

138 တရားမရနိုင်သော ပုဂ္ဂိုလ် (၆)မျိုး
၁။ ဂဏန်း = ငါသိ၊ ငါတတ်ဟု လက်မထောင်သူ ၂။ ပုတ်သင် = စီစစ်ဝေဘန်ခြင်းမရှိဘဲ အလွယ်တကူ လက်ခံသူ ၃။ ပဲပြားပင် = စဉ်းစားဉာဏ်မရှိဘဲ သာသည့်ဘက် လိုက်သူ ၄။ ခွေးအ = ပါးစပ်က ရွတ်သော်လည်း အဓိပ္ပါယ်မသိသူ ၅။ နွားသိုး = စဉ်းစားဝေဘန်ခြင်းမရှိဘဲ အပြစ်တင် ရှုတ်ချသူ ၆။ လိပ် = မိမိအယူသာ အမှန်ဟုယူသူ

139 ဥပသကာဖြစ်ကြောင်း (၅) ပါး
၁။ သရဏဂုံတည်ခြင်း ၂။ ငါးပါးသီလမြဲခြင်း ၃။ သဒ္ဓါတရားရှိခြင်း ၄။ စာဂ စွန့်ပေးကမ်းတတ်ခြင်း ၅။ ပညာနှင့်ပြည့်စုံခြင်း

140 စရိုက် (၆) ပါး ၁။ ရာဂစရိုက် ၂။ ဒေါသစရိုက် ၃။ မောဟစရိုက် ၄။ သဒ္ဓါစရိုက်
၅။ ဗုဒ္ဓိ (ပညာ) စရိုက် ၆။ ၀ိတက်စရိုက်

141 စရိုက်နှင့် ကမ္မဋ္ဌာန်း တွဲစပ်ပုံ
အသုဘ ၁၀ ပါး၊ ကာယဂတာသတိ ၁။ ရာဂစရိုက် အပ္ပမညာ ၄ ပါး၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ ကသိုဏ်း ၂။ ဒေါသစရိုက် အာနာပါနဿတိ ၃။ မောဟ၊ ၀ိတက် ဗုဒ္ဓါ၊ ဓမ္မာ၊ သံဃာ၊ သီလာ၊ စာဂါ၊ ဒေ၀တာနုဿတိ ၄။ သဒ္ဓါစရိုက် မရဏာ၊ ဥပသမာ၊ အာဟာရေပဋိကူလသညာ၊ စတုဓာတု၀၀တ္ထာန် ၅။ ဗုဒ္ဓိစရိုက် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ အာကာသ၊ အာလောက ကသိုဏ်း၊ အာရုပ္ပ ၄ ပါး ၆။ စရိုက် (၆) ပါး

142 ဘာဝနာနှင့် နိမိတ်တွဲစပ်ပုံ
၁။ ပရိကမ္မနိမိတ် ပရိကမ္မဘာဝနာ ၂။ ဥဂ္ဂဟနိမိတ် ပရိကမ္မဘာဝနာ ၃။ ပဋိဘာဂနိမိတ် ဥပစာရဘာဝနာ ၄။ ပဋိဘာဂနိမိတ် အပ္ပနာဘာဝနာ

143 တရားမထိုင်မီ ပြုလုပ်သင့်သည့်အရာ
၁။ သီလ ၂။ ၀ိဝေက ဆိပ်ငြိမ်သည့်နေရာကို ရွေးခြင်း စိတ်လည်း ငြိမ်းအေးနေခြင်း ၃။ အဓိပတိတပ်ရခြင်း အတ္တာဓိပတိ၊ လောကာဓိပတိ၊ ဓမ္မာဓိပတိ ၄။ ခန္ဓာလှူထားခြင်း ၅။ မေတ္တာပို့ခြင်း

144 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ လောကုတ္တရာစိတ်

145 ဈာန် အင်္ဂါ (၅) ပါး ၁။ ၀ိတက် = ကြံစည်ခြင်း၊ အာရုံသို့တင်ပေးခြင်း
၁။ ၀ိတက် = ကြံစည်ခြင်း၊ အာရုံသို့တင်ပေးခြင်း ၂။ ၀ိစာရ = အာရုံကိုသုံးသပ်ခြင်း ၃။ ပီတိ = နှစ်သက်ခြင်း ၄။ သုခ = ချမ်းသာခြင်း ၅။ ဧကဂ္ဂတာ = တည်ကြည်ခြင်း

146 ၀ိတက် (၆)မျိုး ၁။ ကာမ၀ိတက် = သဘောကျစရာအာရုံကို တွေးခြင်း
၁။ ကာမ၀ိတက် = သဘောကျစရာအာရုံကို တွေးခြင်း ၂။ ဗျာပါဒ၀ိတက် = မကျေနပ်စရာအာရုံကို တွေးခြင်း ၃။ ၀ိဟိံသာဝိတက် = နှိပ်စက်၊ ညှင်းပန်းရန်တွေးခြင်း ၄။ နေက္ခမ္မ၀ိတက် = လိုချင်စရာအာရုံများကို စွန့်လွှတ်ခြင်း ၅။ အဗျာပါဒ၀ိတက် မေတ္တာထားစရာ၊ သည်းခံစရာများကိုသာ တွေးခြင်း ၆။ အ၀ိဟိံသာဝိတက် = သနားကြင်နာခြင်း

147 ဈာန်အင်္ဂါနှင့် ၎င်းတို့ပယ်သော နီဝရဏ တရားများ
ဈာန်အင်္ဂါ ပယ်သော နီဝရဏ တရားများ ၁။ ဝိတက် = ထိန၊ မိဒ္ဓ (ငိုက်မြည်းမှု၊ ထိုင်းမှိုင်းမှု) ၂။ ဝိစာရ = ဝိစိကိစ္ဆာ (မဆုံးဖြတ်နိုင်မှု) ၃။ ပီတိ = ဗျာပါဒ (မကျေနပ်၊ မနှစ်မြို့မှု) ၄။ သုခ = ဥဒ္ဓစ္စ၊ ကုက္ကုစ္စ (ပျံ့လွင့်မှု၊ နောင်တ တစ်ဖန် ပူပန်မှု) ၅။ ဧကဂ္ဂတာ = ကာမစ္ဆန္ဒ (ကာမဂုဏ် အာရုံတို့ကို တွယ်တာမှု)

148 ရူပါဝစရ ကုသိုလ်စိတ် (၅) ပါး
၁။ ဈာန်အင်္ဂါ (၅) ပါးနှင့်တကွဖြစ်သော ပဌမဈာန် ၂။ ဈာန်အင်္ဂါ (၄) ပါးနှင့်တကွဖြစ်သော ဒုတိယဈာန် ၃။ ဈာန်အင်္ဂါ (၃) ပါးနှင့်တကွဖြစ်သော တတိယဈာန် ၄။ ဈာန်အင်္ဂါ (၂) ပါးနှင့်တကွဖြစ်သော စတုတ္ထဈာန် ၅။ ဈာန်အင်္ဂါ (၂) ပါးနှင့်တကွဖြစ်သော ပဉ္စမဈာန် မှတ်ချက်။ ။ စတုတ္ထဈာန်စိတ် အင်္ဂါ (၂) ပါးကား သုခ၊ ဧကဂ္ဂတာ ဖြစ်၍ ပဉ္စမဈာန်စိတ်၏ အင်္ဂါ (၂) ပါးကား ဥပေက္ခာ၊ဧကဂ္ဂတာ တို့ဖြစ်သည် ရူပဘုံ၌ များသောအားဖြင့် ဖြစ်တတ်သောစိတ်ကို ရူပါဝစရစိတ်ဟု ခေါ်သည်

149 ဝသီဘော် (၅) ပါး (စွမ်းရည်)
၁။ အာဝဇ္ဇန = ဈာန်အင်္ဂါများကို ဆင်ခြင်ခြင်း ၂။ သမာပဇ္ဇန = ဆန္ဒဖြစ်ပေါ်သည့်အချိန် ချက်ချင်း ဈာန်ဝင်စားနိုင်ခြင်း ၃။ အဓိဋ္ဌာန = မိမိသက်မှတ်ထားသည့် အချိန်အထိ ဈာန်ဝင်စားနိုင်ခြင်း ၄။ ဝုဋ္ဌာန = မိမိသက်မှတ်ထားသည့်အချိန်တွင် ချက်ချင်း ဈာန်မှ ထနိုင်ခြင်း ၅။ ပစ္စဝေက္ခဏာ = ရပြီးသည့် ဈာန်ကို ပြန်လည်ဆင်ခြင်ခြင်း

150 အရူပါဝစရ ကုသိုလ်စိတ် (၄) ပါး
၁။ အာကာသာနဉ္စာယတန ကုသိုလ်စိတ်တစ်ပါး ၂။ ဝိညာဏဉ္စာယတန ကုသိုလ်စိတ်တစ်ပါး ၃။ အာကိဉ္စညာယတန ကုသိုလ်စိတ်တစ်ပါး ၄။ နေဝသညာနာသညာယတန ကုသိုလ်စိတ်တစ်ပါး

151 အရူပါဝစရဈာန် အားထုတ်ပုံ အဆင့်ဆင့်
၁။ အာကာသာနဉ္စာယတနဈာန် အာကာသော အနန္တော (အာကာသ ပညတ်ကို အာရုံပြု) ၂။ ဝိညာဏဉ္စာယတနဈာန် ဝိညာဏံ အနန္တံ (ပထမာ ရုပ္ပဝိညာဏ်ကို အာရုံပြု) ၃။ အာကိဉ္စညာယတနဈာန် နတ္ထိ ကိဉ္စိ (နတ္ထိဘော ပညတ်ကို အာရုံပြု) ၄။ နေဝသညာနာသညာယတန သန္တမေတံ၊ ပဏီတမေတံ (တတိယာ ရုပ္ပဝိညာဏ်ကို အာရုံပြု)

152 မဟဂ္ဂုတ်စိတ် (၂၇) ပါး မဟဂ္ဂုတ် = (၁) မြတ်သည်၏ အဖြစ်သို့ ရောက်သောစိတ်၊
မဟဂ္ဂုတ် = (၁) မြတ်သည်၏ အဖြစ်သို့ ရောက်သောစိတ်၊ (၂) မြတ်သော ဈာန်ရပုဂ္ဂိုလ်တို့သာ ရအပ်သောစိတ် ရူပါဝစရစိတ် (၁၅) ပါး အရူပါဝစရစိတ် (၁၂) ပါး မဟဂ္ဂုတ်စိတ် (၂၇) ပါး

153 လောကီစိတ် (၈၁) ပါး ကာမစိတ် (၅၄) ပါး
မဟဂ္ဂုတ်စိတ် (၂၇) ပါး = ပေါင်း (၈၁) ပါး ဖြစ်ပါသည်။ လောကီစိတ် = ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟုဆိုအပ်သော လောက၌ ထင်ရှား ဖြစ်သော စိတ်များ (ကာမတဏှာ၊ ရူပတဏှာ၊ အရူပတဏှာတည်းဟူသော တဏှာ (၃) ရပ်တို့ အာရုံပြုရာ နယ်ပယ်)

154 အဘိညာဉ် (၅) ပါး သို့ (၇) ပါး
၁။ ဣဒ္ဓိဝိဓ = မြေလျှိုး၊ မိုးပျံ၊ ဖန်ဆင်းနိုင် ၂။ ဒိဗ္ဗသောတ = အနီး၊ အဝေးအသံ အားလုံးကြားနိုင် ၃။ ပရစိတ္တ၀ိဇာနန = တပါးသူ၏စိတ်ကို သိနိုင် ၄။ ပုဗ္ဗေနိဝါသ = အတိတ်ဘ၀များကို သိနိုင် ၅။ ဒိဗ္ဗစက္ခု = အဝေး၊ အနီးရုပ်များကို မြင်နိုင် ၆။ ယထာကမ္မူပဂ = ကံအားလျှော်စွာ ဘ၀များ၌ဖြစ်သော သတ္တ၀ါကိုမြင် ၇။ အနာဂတံသ = အနာဂတ်၌ဖြစ်မည့် အကြောင်းများကို သိနိုင်

155 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ လောကုတ္တရာစိတ်

156 သုံးဆယ့် တစ်ဘုံ ကာမသုဂတိ (၇) ဘုံ အပါယ် (၄) ဘုံ ဗြဟ္မာ့ဘုံ (၂၀)
ကာမသုဂတိ (၇) ဘုံ ဗြဟ္မာ့ဘုံ (၂၀) ရူပ (၁၆) ဘုံ အရူပ (၄)ဘုံ

157 အပါယ် (၄) ဘုံ ၁။ ငရဲ ချမ်းသာ သုခမရှိသော နေရာ ၂။ တိရစ္ဆာန်
လူနတ်တို့ကဲ့သို့ မတ်မတ်မသွားသောသတ္တ၀ါ မေထုန်မှီဝဲခြင်း၊ အိပ်ခြင်းနှင့် စားသောက်ခြင်း သုံးခု ကိုသာအလိုရှိသော သတ္တ၀ါ ၃။ ပြိတ္တာ ချမ်းသာသုခမှ ဝေးရာသို့ရောက်သော သတ္တ၀ါ ၄။ အသုရာ နတ်တို့ကဲ့သို့ မြူးတူးပျော်ပါးခြင်း မရှိသောသတ္တ၀ါ

158 ကာမသုဂတိ (၇) ဘုံ ၁။ လူ့ဘုံ အကောင်းအဆိုး၊ အကြောင်းအကျိုးကိုသိသော သတ္တ၀ါတို့ နေရာဘုံ နတ်ပြည် (၆) ထပ် ၂။ စာတုမဟာရာဇ် = နတ်မင်းကြီးလေးပါးတို့ နေရာဘုံ ၃။ တာဝတိံသာ = မာဃလုလင်နှင့်တကွ ၃၃ ယောက်သော အမျိုးသားတို့ နေရာဘုံ ၄။ ယာမာ = ဆင်းရဲမှ ကင်းသောဘုံ ၅။ တုသိတာ = နှစ်သက်ရွှင်လန်းခြင်းသို့ ရောက်သောဘုံ ၆။ နိမ္မာနရတိ = ကိုယ်တိုင်ဖန်ဆင်းသော စည်းစိမ်ဖြင့် ပျော်နေသောဘုံ ၇။ ပရနိမ္မိတ၀သ၀တ္တိ = သူတစ်ပါးတို့ ဖန်ဆင်းပေးသော အာရုံဖြင့် စည်းစိမ်ခံစားသောဘုံ

159 ဗြဟ္မာ့ဘုံ (၂၀) - ရူပ (၁၆) ဘုံ
၁။ ပထမဈာန် (၃) ဘုံ ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ၂။ ဒုတိယဈာန် (၃) ဘုံ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ ၃။ တတိယဈာန် (၃) ဘုံ ပရိတ္တသုဘာ၊ အပ္ပမာဏာသုဘာ၊ သုဘကိဏှာ ၄။ စတုတ္ထဈာန် (၇) ဘုံ ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ သုဒ္ဓါဝါသ (၅) ဘုံ အ၀ိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ

160 ဗြဟ္မာ့ဘုံ (၂၀) - အရူပ (၄)ဘုံ
၁။ အာကာသာနဉ္စာယတနဘုံ ၂။ ၀ိညာဏဉ္စာယတနဘုံ ၃။ အာကိဉ္စညာယတနဘုံ ၄။ နေ၀သညာနာသညာယတနဘုံ

161 ဘ၀ဂ် ၁။ ဝေဟပ္ဖိုလ်ဘုံ (ရူပ ၁၆ ဘုံ မှာ ) ၂။ အကနိဋ္ဌဘုံ (သုဒ္ဓါဝါသ ၅ ဘုံမှာ)
၃။ နေ၀သညာနာသညာယတနဘုံ (၃၁ ဘုံ မှာ) တို့ကို ဘုံများ၏ အမြင့်ဆုံးဖြစ်သောကြောင့် ဘ၀ဂ် ဟုခေါ်သည်။

162 နေ့စဉ်ပွားများရမည့် ကမ္မဋ္ဌာန်း (၄) ပါး
၁။ ဗုဒ္ဓါနုဿတိ ၂။ မေတ္တာကမ္မဋ္ဌာန်း ၃။ အသုဘကမ္မဋ္ဌာန်း ၄။ မရဏာနုဿတိ

163 မရဏုပ္ပတ္တိ စတုက္က (သေခြင်း (၄) မျိုး)
၁။ အာယုက္ခယ အသက်ကုန်၍ သေခြင်း (မီးစာကုန်) ၂။ ကမ္မက္ခယ ကံကုန်၍ သေခြင်း (ဆီခန်း) ၃။ ဥဘယက္ခယ အသက်၊ ကံ ၂ ပါးကုန်၍ သေခြင်း (မီးစာကုန်၊ ဆီခန်း) ၄။ ဥပစ္ဆေဒက ကံဆိုး ဖြတ်ချွေ ရုတ်တရက် သေခြင်း (လေပြင်း တိုက်ခတ်ခြင်း)

164 မြင့်မြတ်သော ကုသိုလ်အဆင့်ဆင့်
ဒါနကုသိုလ် သရဏဂုံသီလ ငါးပါးသီလ မေတ္တာကမ္မဋ္ဌာန်း ၀ိပဿနာ

165 မေတ္တာအကျိုး (၁၁)မျိုး ၁။ ချမ်းသာ အိပ် ၂။ နိုး ၃။ အိပ်မက်ဆိုးကင်း
၎။ ချစ်ခြင်း လူ ၅။ နတ် ၆။ နတ်စောင့်တတ်လျှက် ၇။ လက်နက် ၈။ ဆိပ်မီးမရောက်ပြီးလျှက် ၉။ စိတ်လည်းတည်စွာ ၁၀။ ချမ်းသာမသွေ ၁၁။ သေသောအခါ ဗြဟ္မာ့ရွာလားရာ မေတ္တာကျိုး

166 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ လောကုတ္တရာစိတ်

167 ဘ၀ရဲ့ အလှတဲ့လား

168 ဘ၀ကပေးသော မွေးနေ့လက်ဆောင်

169 အကုသိုလ်စိတ် အဟိတ်စိတ် ကာမာဝစရသောဘနစိတ် ပုဂ္ဂိုလ် (၁၂) ယောက် နှင့် ဖြစ်စေနိုင်သည့်စိတ်များ ကံ (၁၆) မျိုး ပုညကြိယာဝတ္ထု (၁၀)ပါး မဟဂ္ဂုတ်စိတ် သုံးဆယ့် တစ်ဘုံ လောကုတ္တရာစိတ်

170 စိတ်ထဲတွ င် အမြဲသိမ်းဆည်း
တရားရရန် အခြေခံများ တရားနာခြင်း တရားရရန် အခြေခံများ ပညာ ရင့်ကျက် ခြင်း တရားကို ရွတ် ပွားနေခြ င်း စိတ်ထဲတွ င် အမြဲသိမ်းဆည်း ပွားများ ခြင်း

171 ၀ိပဿနာရှုရန် ရုပ်၊ နာမ် ရုပ်- ရူပက္ခန္ဓာ နာမ် စိတ် = ၀ိညာဏက္ခန္ဓာ ပထ၀ီ၊
ရုပ်- ရူပက္ခန္ဓာ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော၊ ၀ဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာ နာမ် စိတ် = ၀ိညာဏက္ခန္ဓာ စေတသိက် ဝေဒနာ = ဝေဒနာက္ခန္ဓာ သညာ = သညာက္ခန္ဓာ သင်္ခါရ = သင်္ခါရက္ခန္ဓာ

172 သတိပဋ္ဌာန် (၄) ပါး ၁။ ကာယာနုပဿနာ သတိပဋ္ဌာန် (ရုပ်)
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် (နာမ် - ဝေဒနာ) ၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန် (နာမ် - စိတ်) ၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် (နာမ် - သညာနှင့် သင်္ခါရ)

173 တရားမှတ်ရာ၌ လိုအပ်သည့် ဗိုလ် (၅) ပါး
၁။ သဒ္ဓါ ၂။ ၀ီရိယ ၃။ သတိ ၅။ ပညာ ၄။ သမာဓိ

174 သဒ္ဓါ (၂) မျိုး ၁။ ယုံ သဒ္ဓါ= ရတနာသုံးပါး၊ ကံနှင့်ကံ၏အကြောင်း၊အကျိုးကိုယုံခြင်း ၂။ ကြည် သဒ္ဓါ = ကောင်းသည့်အရာကို လုပ်ရသည့်အတွက် စိတ်ကြည်ခြင်း ၁။ အာမဂသဒ္ဓါ= ဘုရားလောင်း ၂။ အဓိဂမသဒ္ဓါ= အရိယာ ၃။ ပသာဒ သဒ္ဓါ= သူတောင်ကောင်း ၄။ သြကပ္ပနသဒ္ဓါ= ပုထုဇဉ်အကြမ်း

175 အားသွားလို့လား သူငယ်ချင်း
မင်း ငါ ဆုံခိုက်၊ ဘုရားလိုက်ဖို့ ငါတိုက်တွန်းငြား၊ မင်းပြောကြားခဲ့ မအားသေးဘူး၊ နောက်မှကွယ် ဥပုသ်နေ့၌၊ ကျောင်းကိုလိုက်ဖို့ ဆိပ်ငြိမ်အေးရာ၊ အေးရိပ်သာဝယ် အာနာပါန၊ ရသမျှကို၊ သွင်းမှုရှုရှိုက်၊ အတူလိုက်ဖို့ မအားသေးရင်း၊ သူငယ်ချင်းဟာ သေမင်းခေါ်ရာ၊ မငြင်းသာဘဲ လိုက်ပါသွားရ ရှာလေပြီ ကိုယ်ခေါ်စဉ်က၊ ငြင်းလို့ရလည်း ခုမှမငြင်း၊ လိုက်သွားခြင်းကြောင့် ရင်တွင်းစကား၊ ဆိုမိငြားသည် အားသွားလို့လား၊ သူငယ်ချင်း

176 သိ ပယ် ပွား ဆိုက် သိရမည့် သစ္စာ (၄) ပါး ၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ
ကိလေသာမှကြွင်းသည့် ရုပ်၊ နာမ်များ ၂။ သမုဒယသစ္စာ လောဘ၊ ဒေါသ၊ မောဟ၊ ထိန စသည့် ကိလေသာများ သိ ပယ် ပွား ဆိုက် ၃။ နိရောဓသစ္စာ ၄။ မဂ္ဂသစ္စာ

177 သစ္စာလေးပါး ၁။ လိုချင် (သမုဒယသစ္စာ) ၂။ ဆင်းရဲ (ဒုက္ခသစ္စာ)
၁။ လိုချင် (သမုဒယသစ္စာ) ၂။ ဆင်းရဲ (ဒုက္ခသစ္စာ) ၃။ မလိုချင် (မဂ္ဂသစ္စာ) ၄။ ချမ်းသာ (နိရောဓသစ္စာ)

178 လောကုတ္တရာစိတ် (၈) ပါး လောကုတ္တရာ (လောက + ဥတ္တရ)
လောက (၃) ပါးထက် လွန်ကဲ မြင့်မြတ်သောစိတ်၊ လောကမှ လွတ်မြောက်သောစိတ် လောက (၃) ပါး ၁။ သတ္တလောက = (၃၁) ဘုံတွင် ကျင်လည်နေသည့်​ သတ္တဝါများ ၂။ ဩကာသလောက = သတ္တဝါတို့ ကျင်လည် ကျက်စားရာ (၃၁) ဘုံ ၃။ သင်္ခါရလောက = သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပွားနေသည့် ရုပ်တရား၊ နာမ်တရားများ မဂ် (မဂ္ဂ) = လမ်း၊ အကျင့်၊ အကြောင်း (ကုသိုလ်) (မဂ္ဂင်ရှစ်ပါး) ဖိုလ် (ဖလ) = အသီး၊ အကျိုး (ဝိပါက်) မဂ်စိတ် (၄) ပါး + ဖိုလ်စိတ် (၄) ပါး = ပေါင်း (၈) ပါး ဖြစ်ပါသည်။

179 မဂ်ရရန်အခြေခံတရား (၇) ပါး ( ၀ိသုဒ္ဓိ= စင်ကြယ်မှု)
၁။ သီလ ၀ိသုဒ္ဓိ = စတုပါရိသုဒ္ဓိသီလ၏ စင်ကြယ်ခြင်း ၂။ စိတ္တ၀ိသုဒ္ဓိ = ဥပစာရ၊ အပ္ပနာသမာဓိနှင့် ပြည့်စုံခြင်း ၃။ ဒိဋ္ဌိ ၀ိသုဒ္ဓိ = နာမ်ရုပ်ကို သိမ်းဆည်းသောဉာဏ်နှင့် ပြည့်စုံခြင်း ၄။ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ ယုံမှားခြင်းကင်းသော ဉာဏ်နှင့် ပြည့်စုံခြင်း ၅။ မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ မဂ်ဟုတ်သည် မဟုတ်သည်ကို သိသောဉာဏ် နှင့်ပြည့်စုံခြင်း ၆။ ပဋိပဒါဉာဏ ဒဿန၀ိသုဒ္ဓိ = အကျင့်၏ စင်ကြယ်ခြင်း ၇။ ဉာဏဒဿန ၀ိသုဒ္ဓိ နိဗ္ဗာန်ကို သိမြင်နိုင်သော မဂ်ဉာဏ်၏ ပြည့်စုံခြင်း

180 ၀ိပဿနာ ညစ်ညူးကြောင်းတရား (၁၀) ပါး
၁။ သြဘာသ (အလင်းရောင်မြင်ခြင်း) ၂။ ပီတိ (နှစ်သက်၊ကြည်နူးနေခြင်း) ၃။ ပဿဒ္ဓိ (ကိုယ်ရော၊စိတ်ပါ ငြိမ်ချမ်းခြင်း) ၄။ အဓိမောက္ခ (ယုံကြည်မှုလွန်ကဲခြင်း) ၅။ ပဂ္ဂဟ (၀ီရိယလွန်ကဲခြင်း) ၆။ သုခ (ချမ်းသာခြင်း) ၇။ ဉာဏ (ဉာဏ်ထက်လွန်းခြင်း) ၈။ ဥပဋ္ဌာန (သတိလွန်ကဲခြင်း) ၉။ ဥပေက္ခာ (ဂရုမစိုက်မိခြင်း) ၁၀။ နိကန္တိ (နှစ်သက်ခြင်း)

181 ၀ိသုဒ္ဓိ (၇) ပါးနှင့် ဉာဏ်စဉ်ဖြစ်ပုံ
ဝိပဿနာ လုပ်ငန်းမစခင် ၁။ သီလ၀ိသုဒ္ဓိ ၂။ စိတ္တ၀ိသုဒ္ဓိ ၃။ ဒိဋ္ဌိဝိသုဒ္ဓိ ၄။ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ (၁) နာမရူပ ပရိစ္ဆေဒဉာဏ် (၂) ပစ္စယပရိဂ္ဂဟဉာ ဏ် ၀ိပဿနာဉာဏ်မဟုတ်သေး

182 ၀ိသုဒ္ဓိ (၇) ပါးနှင့် ဉာဏ်စဉ်ဖြစ်ပုံ
ဝိပဿနာလုပ်ငန်းအစ (၀ိပဿနာဉာဏ်စဉ်အစ) ၅။ မဂ္ဂါမဂ္ဂဉာ ဏ ဒဿန၀ိသုဒ္ဓိ (၃) သမ္မဿနဉာဏ် (၄) ဥဒယဗ္ဗယဉာဏ (ရှေ့ပိုင်း) အန္တရာယ် ၁၀ ပါးကြုံကာ မဂ်ဟုတ်၊ မဟုတ် ပိုင်းခြား၍သိသည်။ (၄) ဥဒယဗ္ဗယဉာဏ် (နောက်ပိုင်း) (၅) ဘင်္ဂဉာဏ် (၆) ဘယဉာဏ် (၇) အာဒီန၀ဉာဏ် (၈) နိဗ္ဗိဒါဉာဏ် (၉) မုဉ္စိတုကမျတာဉာဏ် (၁၀) ပဋိသင်္ခါဉာဏ် (၁၁) သင်္ခါရုပေက္ခာဉာဏ် (၁၂) အနုလောမဉာဏ် ၆။ ပဋိပဒါဉာဏ ဒဿန၀ိသုဒ္ဓိ

183 ၀ိသုဒ္ဓိ (၇) ပါးနှင့် ဉာဏ်စဉ်ဖြစ်ပုံ
ဝိပဿနာလုပ်ငန်းပြီးဆုံးခြင်း (၁၃) ဂေါတြဘူဉာဏ် ရုပ် နာမ် အပေါ် အာရုံမပြုတော့ဘဲ နိဗ္ဗာန်ကို အာရုံပြု သော ဉာဏ်တည်း၊ ၀ိပဿနာဉာဏ်ကား မဟုတ်ပါ ၇။ ဉာဏဒဿန ၀ိသုဒ္ဓိ (၁၄) မဂ်ဉာဏ် (၁၅) ဖိုလ်ဉာဏ် (၁၆) ပစ္စဝေက္ခဏာဉာဏ် မှတ်ချက်။ ။ အရိယာပုဂ္ဂိုလ်တို့သည် မိမိရရှိပြီးသည့် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နှင့် ပယ်ပြီး သော ကိလေသာများ၊ ကြွင်းကျန်သော ကိလေသာတို့ကို ဖြစ်သင့်သလို ပြန်လည် ဆင်ခြင်ကြသောကြောင့် မိမိကိုယ်ကို အရိယာဖြစ်မှန်းသိနိုင်သည်။

184 သောတာပတ္တိမဂ်၏ မဂ်ကိစ္စ (၄) ချက်
၁။ ပရိညာကိစ္စ ပိုင်းခြား၍သိခြင်း ၂။ ပဟာနကိစ္စ အကုသိုလ်၏ အပါယိကဒုက္ခကို အပြီးတိုင်ပယ်ခြင်း ၃။ သစ္ဆိကရဏကိစ္စ နိရောဓသစ္စာသို့ ဆိုက်ရောက်ခြင်း ၄။ ဘာဝနာကိစ္စ မဂ္ဂသစ္စာကို ပွားများမှု ပြီးမြောက်ခြင်း

185 သောတာပန် ဂုဏ်ရည် (၇) ပါး
၁။ အကုသိုလ်ဖြစ်ကျောတို ၂။ အကုသိုလ်ဖြစ်တာကိုချက်ချင်းသိ ၃။ သာသနာပ၌ အရိယာမရှိနိုင်ဟုယုံကြည် ၄။ အကုသိုလ်ကို ချက်ချင်းကုစား ၅။ ၀ိရတီသုံးပါးမြဲ ၆။ တရားကိုစူးစိုက်နာ ၇။ နာပြီးတရားကို အထပ်ထပ်ပွား

186 ယထာဘူတဉာဏ် (အမှန်ကိုသိနိုင်သည့်ဉာဏ်)
၁။ နာမရူပ ပရိစ္ဆေဒဉာဏ် (နာမ်နဲ့ရုပ်ခွဲခြားသိ) ၂။ ပစ္စယပရိဂ္ဂဟဉာဏ် (အကြောင်းအကျိုးခွဲသိ) ၃။ သမ္မသနဉာဏ် (အနိစ္စ၊ဒုက္ခ၊အနတ္တဟုသုံးသပ်) ၄။ ဥဒယဗ္ဗယဉာဏ် (ဖြစ်ပျက်မြင်)

187 မဂ်စိတ် (၄) ပါး ၁။ သောတာပတ္တိမဂ် ၂။ သကဒါဂါမိမဂ် ၃။ အနာဂါမိမဂ်
၎။ အရဟတ္တမဂ် မဂ်စိတ် (၄) ပါး နိဗ္ဗာန်သို့ သွားရာ မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေအယဉ်သို့ ရှေးဦးစွာ ရောက်သူ သောတာပတ္တိ (သောတ+အာပတ္တိ) (ပဋိသန္ဓေနေသောအားဖြင့်) ကာမဘုံသို့ တစ်ကြိမ်သာ ပြန်လာသောသူ သကဒါဂါမိ (သကိံ+အာဂါမီ) ကာမဘုံ (၁၁) ဘုံသို့ ပြန်မလာသောသူ အနာဂါမိ (န+အာဂါမီ) ကိလေသာအားလုံး ပယ်သတ်၍ ဘဝဇာတ်သိမ်းပြီးသူ (ရဟန္တာ) အရဟတ္တ (အရဟ+ဘာဝ)

188 အရိယာများ ပယ်သောအကုသိုလ်
၁။ သောတာပန်ဖြစ်ပါက ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄) ပါးနှင့် ၀ိစိကိစ္ဆာ (၁)ပါး ပေါင်း (၅) ပါးသော အကုသိုလ်ကို ပယ်သည်။ ၂။ သကဒါဂါမ်သည် သောတာပန်ပယ်ထားသော အကုသိုလ်များကို ငြိမ်းစေ၊ အနာဂါမ်ပယ်မည့် အကုသိုလ်ကို ပါးစေ။ ၃။ အနာဂါမ် ဒေါသမူစိတ် (၂) ပါးကို အကြွင်းမဲ့ပယ်သည်။ ၄။ ရဟန္တာ ဒိဋ္ဌိဂတ၀ိပ္ပယုတ်စိတ် (၄) ပါးနှင့် ဥဒ္ဓစ္စသမ္ပယုတ် (၁) ပါး ပေါင်း (၅) ပါးသော အကုသိုလ်စိတ်တို့ကို ပယ်သည်။

189 သောဘနစိတ် (၅၉) ပါး ကာမာဝစရသောဘနစိတ် (၂၄) ပါး ရူပါဝစရစိတ် (၁၅) ပါး
ကာမာဝစရသောဘနစိတ် (၂၄) ပါး ရူပါဝစရစိတ် (၁၅) ပါး အရူပါဝစရစိတ် (၁၂) ပါး လောကုတ္တရာစိတ် (၈) ပါး သောဘနစိတ် (၅၉) ပါး

190 စိတ်အကျဉ်း (၈၉) ပါး ကာမစိတ် (၅၄)ပါး မဟဂ္ဂုတ်စိတ် (၂၇) ပါး
ကာမစိတ် (၅၄)ပါး မဟဂ္ဂုတ်စိတ် (၂၇) ပါး လောကုတ္တရာစိတ် (၈) ပါး တစ်နည်း အသောဘနစိတ် (၃၀) ပါး သောဘနစိတ် (၅၉) ပါး လောကီစိတ် (၈၁) ပါး စိတ်အကျဉ်း (၈၉) ပါး စိတ်အကျဉ်း (၈၉) ပါး စိတ်အကျဉ်း (၈၉) ပါး စိတ်အကျဉ်း (၈၉) ပါးကို “စိတ်တစ်ခုယုတ် ကိုးဆယ်” ဟုလည်း သုံးနှုန်းပါသည်။

191 စိတ်အကျယ် (၁၂၁) ပါးဖြစ်ပုံ
အရိယာ ပုဂ္ဂိုလ်တို့သည် အရိယာဖြစ်ပြီးနောက် ဈာန်တရားများရရှိ အောင်အားထုတ်ကြပါက ပထမဈာန်၊ဒုတိယဈာန် စသည်ဖြင့် ဈာန် ငါးပါးလုံးကို ရရှိနိုင်ကြသည်။ ထို့ကြောင့် လောကုတ္တရာစိတ် (၈) ပါးတို့တွင် မဂ်လေးပါးကြောင့် ဈာန်စိတ် (၂၀) ဖြစ်ရသကဲ့သို့ ဖိုလ်စိတ် လေးပါးကြောင့်လည်း ဈာန် စိတ် (၂၀)ဖြစ်ရသည်။ ထိုလောကုတ္တရာစိတ် အကျယ် (၄၀)ပြားခြင်း ကြောင့် လောကီစိတ် (၈၁) ပါးနှင့်ပေါင်းပါက စိတ် အကျယ် (၁၂၁) ပါး ဖြစ်ရသည်။

192 သောတာပတ္တိမဂ်စိတ် (၅) ပါး
၁။ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ (၅) ပါးနှင့် တကွဖြစ်သော ပထမဈာန် သောတပတ္တိမဂ်စိတ်တစ်ပါး ၂။ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ (၄) ပါးနှင့် တကွဖြစ်သော ဒုတိယဈာန် သောတပတ္တိမဂ်စိတ်တစ်ပါး ၃။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ (၃) ပါးနှင့် တကွဖြစ်သော တတိယဈာန် သောတပတ္တိမဂ်စိတ်တစ်ပါး ၄။ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ (၂) ပါးနှင့် တကွဖြစ်သော စတုတ္ထဈာန် သောတပတ္တိမဂ်စိတ်တစ်ပါး ၅။ ဥပေက္ခာ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ (၂) ပါးနှင့် တကွဖြစ်သော ပဉ္စဈာန် သောတပတ္တိမဂ်စိတ်တစ်ပါး ကျန်သည့် မဂ်စိတ် (၃) ပါး၊ ဖိုလ်စိတ် (၄) ပါးတို့ကိုလည်း အထက်ပါအတိုင်း ရေတွက်ပါ။

193 စိတ်အကျယ် (၁၂၁) ပါး ကာမာဝစရစိတ် (၅၄) ပါး မဟဂ္ဂုတ်စိတ် (၂၇) ပါး
ကာမာဝစရစိတ် (၅၄) ပါး မဟဂ္ဂုတ်စိတ် (၂၇) ပါး လောကုတ္တရာစိတ်အကျယ် (၄၀) စိတ်အကျယ် (၁၂၁) ပါး

194 နိဗ္ဗာန် သတ္တ၀ါတို့ကို သံသရာဝဋ်၌ ချုပ်တတ်၊ မြှေးယှက်တတ်သောကြောင့် ၀ါန မည်သော တဏှာမှ ထွက်မြောက်သည်၏ အဖြစ်ကြောင့် နိဗ္ဗာန်မည်၏။ နိဗ္ဗာန် (၂) မျိုး ၁။ ခန္ဓာအကြွင်းရှိလျက် ငြိမ်းချမ်းမှုကို ခံစားရသော သဥပါဒိသေသ နိဗ္ဗာန် ၂။ ပရိနိဗ္ဗာန်စံပြီးနောက် ဘ၀ငြိမ်းရသော အနုပါဒိသေသ နိဗ္ဗာန် မှတ်ချက်။ ။ နိဗ္ဗာန်ကို မဂ်ဉာဏ်လေးပါးဖြင့်သာ တိုက်ရိုက် မျက်မှောက်ပြုနိုင်သည်

195 နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ
၁။ သေဆုံးမှု မရှိသော တရား ၂။ သေဆုံးခြင်းကို လွန်မြောက်ပြီးသော တရား ၃။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော အကြောင်းတရားတို့ ပြုပြင်စီရင်ခြင်း မရှိသော တရား ၄။ မိမိထက် လွန်မြတ်သော သဘောမရှိသော တရား ၅။ အရိယာတို့သာ ရောက်သင့် ရောက်အပ်သော တရား

196 စိတ် (၈၉) ပါး သို့ (၁၂၁) ပါး ၁။ အကုသိုလ်စိတ် ၁၂ ပါး (လောဘ ၈၊ဒေါသ ၂၊မောဟ ၂) ၂။ အဟိတ်စိတ် ၁၈ ပါး (အကုဝိ ၇၊ကုဝိ ၈၊အဟိတ်ကြိ ၃) ၃။ ကာမသောဘန ၂၄ ပါး (ကု ၈၊ ၀ိပါက် ၈၊ ကြိယာ ၈) ၄။ ရူပစိတ် ၁၅ ပါး (ကု ၅၊၀ိ ၅၊ကြိ ၅) ၅။ အရူပစိတ် ၁၂ ပါး ( ကု ၄၊၀ိ ၄၊ကြိ ၄) ၆။ လောကုတ္တရာစိတ် ၈ ပါး (မဂ် ၄၊ဖိုလ် ၄ အကျဉ်း) သို့မဟုတ် အကျယ် ၁၂၁ ပါး (မဂ် ၂၀၊ဖိုလ် ၂၀)

197 ဆက်လက်ကြိုးစားပါဦးမည်
သင်တန်းဆင်းကဗျာ ဆက်လက်ကြိုးစားပါဦးမည် ဗုဒ္ဓမြတ်စွာ၊ လောင်းလျာတုန်းက၊ နောက်ဆုံးအထိ၊ ပါရမီ၊ လူနတ်များစွာ၊ ချမ်းသာရေးမို့၊ အသက်ပေးလို့၊ ဖြည့်ခဲ့သည်။ ဗုဒ္ဓမြတ်စွာ၊ သာသနာအတွက်တော့၊ ငါပါအသက်၊ ဆုံးစေမည်၊ နောက်မဆုတ်ပေါင်၊ ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့၊ ကြိုးစားမည် ။

198 ကျေးဇူးတုံ့ဆပ်ပူဇော်လွှာ
ယနေ့ယခု အကျွန်ပ်တို့ ပေါင်းစု၍ ပြုခဲ့သမျှသော ဒါနကုသိုလ်၊ ဆောက်တည်ခဲ့သမျှသော သီလကုသိုလ်၊ ပွားများ အားထုတ်ခဲ့သမျှသော ဘာဝနာကုသိုလ်၊ သာသနာတော် တည်တံ့ရာ တည်တံ့ကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း၊ ပြန့်ပွားရာ ပြန့်ပွားကြောင်း၊ ဆောက်ရွက်ခွင့် ရသမျှသော သာသနာပြု ကုသိုလ် အစုစုတို့ဖြင့် ရတနာမြတ်သုံးပါး၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်အပေါင်းတို့နှင့် တကွ သာသနာတော် မြတ်ကြီးအား ဓမ္မပူဇာအဖြစ် ကျေးဇူးတုံ့ဆပ် ပူဇော်ပါ၏။

199 ဆုတောင်း အမျှဝေ ဤပြုခဲ့သော ကုသလစေတနာ အ၀၀တို့သည် အကျွန်ပ်တို့ ပန်ဆင်ထားသော မဂ်၊ဖိုလ်၊နိဗ္ဗာန် ဗောဓိဆုမြတ် အသီးအသီးအတွက် အထောက်အပံ့ ဖြစ်ပါစေ။ ဤပြုခဲ့သမျှသော ကုသလစေတနာ အ၀၀တို့ကို အကျွန်ပ်တို့နှင့်တကွ ဘ၀အဆက်ဆက် သံသရာအဆက်ဆက်၌ တော်စပ်ခဲ့ကြဖူးသမျှသော မိဟောင်းဖဟောင်း၊ ဆရာဟောင်း၊သမားဟောင်း၊ ဆွေဟောင်း၊ မျိုးဟောင်း၊ ကျေးဇူးရှင်အပေါင်းတို့နှင့်တကွ ၃၁ ဘုံတွင် ကျင်လည်လျက် ရှိကြကုန်သော သုခိတ၊ဒုက္ခိတ သတ္တ၀ါ၊ ဝေနေယျအပေါင်းတို့အား ထပ်တူထပ်မျှ ရကြစေခြင်းငှါ အကျွန်ပ်တို့ အားလုံးက အမျှပေးဝေ ဒါနပြုကြပါကုန်၏။ အားလုံး (အမျှ…အမျှ…အမျှ) ယူတော်မူကြပါကုန်လော့ သာဓု…သာဓု…သာဓု

200 သိလိုသည်များကို မေးမြန်းရန်
ပညာပါရမီအသင်း ဆရာတော် ဦးဉာဏ၀ရ မှော်ဘီရွှေကျောင်း မမြမြမွန် (ဒုဘဏ္ဍာရေးမှူး) ။ ။ ဒေါ်ညိုလေး ။ ။ ။ ။

201 ပညာပါရမီကျောင်းလိပ်စာ
47 Jalan Pintau Marymount Singapore Phone Marymount MRT Exit A မှထွက်ပြီး ဘတ်စ်စီးနိုင်ပြီး ဘတ်စ်နံပါတ် ၄၁၀ မှလွဲ၍ ဘတ်စ်အားလုံးရောက်သည်။ တစ်မှတ်တိုင်သာစီးရမည်။ လမ်းလျှောက်လျှင်လည်းရသည်

202 ပညာပါရမီ စင်္ကာပူကျောင်းတိုက်
ပညာပါရမီကျောင်းလိပ်စာ ပညာပါရမီ စင်္ကာပူကျောင်းတိုက် လှပဒါးကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ ထန်းတပင်တာဆုံလမ်း မှော်ဘီမြို့နယ်၊ ရန်ကုန်


Download ppt "နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"

Similar presentations


Ads by Google