Presentation is loading. Please wait.

Presentation is loading. Please wait.

ဓမ္မသစ်ခေတ် အသင်းတော်၏ အမှုဆောင်ရွက်ခြင်းအကြောင်း

Similar presentations


Presentation on theme: "ဓမ္မသစ်ခေတ် အသင်းတော်၏ အမှုဆောင်ရွက်ခြင်းအကြောင်း"— Presentation transcript:

1 ဓမ္မသစ်ခေတ် အသင်းတော်၏ အမှုဆောင်ရွက်ခြင်းအကြောင်း
သင်ခန်းစာ ၉။ သြဂုတ်လ ၃၁၊ ၂၀၁၉

2

3 အသင်းတော်အတွင်းအစေခံခြင်း
အသင်းတော်ပြင်ပအစေခံခြင်း အခြားသောလူစူလူဝေးများအတွက်အစေခံခြင်း Service as a lifestyle: ရှင်ပေါလုနှင့်အစေခံခြင်း ယာကုပ်နှင့်အစေခံခြင်း ယေရှုက ကျွန်ုပ်တို့အားကမ္ဘာ တစ်ဝှမ်းသို့ဧ၀ံဂေလိတရားကို ဟောပြောရန်၊ တပည့်တော်ဖြစ်စေ ရန်နှင့်ဗတ္တိဇံကိုပေးရန်စေခိုင်းခဲ့ သည်။ ရှေးဦးအသင်းတော်သည် ဧ၀ံဂေလိ တရားကိုဟောနေစဉ်အသင်းတော် အတွင်းနှင့်အပြင်ရှိလိုအပ်သူများ ကိုဂရုစိုက်ခြင်းအားဖြင့်ယေရှု၏ပုံ ပမာကိုလိုက်နာခဲ့ကြသည်။

4 အသင်းတော်အတွင်းအစေခံခြင်း
“ထိုသူတို့တွင်ဆင်းရဲသောသူတစ်ယောက်မျှမရှိ၊ အကြောင်းမူကား အိမ်၊ မြေကွက်ကိုပိုင်သောသူရှိသမျှတို့သည် ရောင်းပြီးလျှင်ရသောအဘိုးကိုယူဆောင်ခဲ့၍ တမန်တော်တို့၏ခြေရင်း၌ထားကြသဖြင့် လူများဆင်းရဲသည်အတိုင်း အသီးသီးတို့အားဝေငှပေးကမ်းကြ၏။” (တမန်တော် ၄း၃၄-၃၅) သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုအောက်တွင် အသင်းတော်သည်တိုးပွားခဲ့သည်။ ယုံကြည်သူ အသစ်များသည် “စိတ်နှလုံးတစ်ညီတစ်ညွတ်တည်း ရှိကြသည်။” (တမန် ၄း၃၂) ဥစ္စာပို၍ရှိသောသူများကဘာမျှမရှိသောသူများနှင့်မျှ ဝေခဲ့သောကြောင့် မရှိဆင်းရဲသားလိုအပ်သောသူများ မရှိပေ။ များမကြာမီတွင် လိုအပ်သူများကြားဥစ္စာဝေမျှခြင်း သည်ရှုပ်ထွေးမှုဖြစ်လာခဲ့သောကြောင့် အသင်းတော် သည် အသင်းထောက်ခုနှစ်ယောက်ကိုခန့်အပ်ခြင်း အားဖြင့် မျှဝေခြင်းကိုဖွဲ့စည်းခဲ့သည်။ ယေရုရှလင်တွင်ရှိသောခရစ်ယာန်လူထုများမှလွဲပြီး ဤစနစ်ကိုမည်သည့်ခရစ်ယာန်လူထုမှမလိုက်လျှောက် ခဲ့ပေ၊ သို့သော် လိုအပ်သူများအတွက်ဂရုစိုက်ခြင်း၏ အုတ်မြစ်ကိုချခဲ့သည်။

5 အသင်းတော်ပြင်ပအစေခံခြင်း
“ယုပ္ပေမြို့၌ရှိသောဒေါ်ကာဟုဆိုလိုသောတဗိသအမည်ရှိသော တပည့်တော်မတစ်ယောက်ရှိ၏။ ထိုမိန်းမသည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံလျက်” (တမန်တော် ၉း၃၆) ယုပ္ပေမြို့သည် ခရစ်ယာန်အမျိုးသမီးဒေါ်ကာ၏သာသနာ ပြုခြင်းအားဖြင့် ကြီးမားသောကောင်းကြီးကိုခံစားခဲ့ရသည်။ လိုအပ်သူများအတွက်အင်္ကျီကိုပြုလုပ်ပေးခဲ့သည်။ ဆင်းရဲ သားများ၏လိုအပ်ချက်ကိုကျေနပ်ရောင့်ရဲနိုင်စေရန်အတွက် အလှူများကိုလည်း သူမပေးကမ်းခဲ့သည်။ သူမသည် အသင်းဝင်များကိုသာကူညီခြင်းမဟုတ်ဘဲ သူမ ၏အကူအညီကိုလိုအပ်သည့်မည်သူ့ကိုမဆိုကူညီသည်။ ဒေါ်ကာသေဆုံးခဲ့ပြီးအသင်းတော်သည်ပေတရုကိုဆင့်ခေါ်ခဲ့ သည်။ ဒေါ်ကာကမုဆိုးမများနှင့်ဆင်းရဲသားများအားမည်ကဲ့ သို့ကူညီခဲ့သည်ကို ၎င်းတို့ပြသခဲ့သည်။ တကိုယ်ကောင်းစိတ်မရှိဘဲသူတပါးကိုကူညီရန်မှာမလွယ်ကူလှ ပေ။ အစေခံခြင်းအသက်တာသည် မိမိကိုယ်ကိုဆက်ကပ်အပ်နှံ ခြင်းကိုလိုအပ်သည်၊ သို့သော်အခြားသူများ၏အသက်တာ အပေါ်တွင်ထာဝရအကျိုးသက်ရောက်မှုများဖြစ်နိုင်သည်။

6 အခြားသောသူလူစုလူဝေးများအတွက်အစေခံခြင်း
“ထိုသို့ဆိုသော် ပညတ်အားဖြင့်ငါဆိုသည်မဟုတ်။ အခြားသောသူတို့၏ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍ သင်တို့၏မေတ္တာသည်မှန်သည်မမှန်သည်ကိုစုံစမ်းသောအားဖြင့်ဆိုသတည်း။” (၂ ကော ၈း၁၄) တပါးအမျိုးသားများမှဧ၀ံဂေလိတရားကိုလက်ခံလာခဲ့ သောအချိန်တွင် ကွာဟချက်များဖြစ်ပေါ်ခဲ့သည်။ ပြဿ နာများကိုဖြေရှင်းရန်အတွက် ကောင်စီကိုဆင့်ခေါ်ခဲ့ သည် (တမန်တော် ၁၅)။ တပါးအမျိုးသားများအားသြ၀ါဒအချို့ကိုသွန်သင်ရန် နှင့်ဆင်းရဲသားများကိုဂရုစိုက်ရန်အတွက် ရှင်ပေါလုကို စေခိုင်းခဲ့သည် (ဂလာတိ ၂း၁၀)။ ယေရုရှလင်တွင်ရှိသောအသင်းတော်သည်ငတ် မွတ်ခြင်းဘေးကိုခံခဲ့ရသောအချိန်တွင် ရှင်ပေါလုက တပါးအမျိုးသား အသင်းတော်များအားအလှူ ကောက်ခံခြင်းအားဖြင့်ထိုသူတို့ကိုကူညီရန်အကြံပြု ခဲ့သည်။ ဒေသခံအသင်းတော်များသည် ၎င်းတို့၏လိုအပ်မှု တစ်ခုတည်းအတွက်ကိုသာမဟုတ်ပဲအခြားသော လူစုလူဝေးများ၏လိုအပ်မှုများကိုလည်းကူညီရ မည်။

7 “It is only by an unselfish interest in those in need of help that we can give a practical demonstration of the truths of the gospel… Much more than mere sermonizing is included in preaching the gospel. The ignorant are to be enlightened; the discouraged are to be uplifted; the sick are to be healed. The human voice is to act its part in God’s work. Words of tenderness, sympathy, and love are to witness to the truth.” E.G.W. (Welfare Ministry, cp. 3, p. 32)

8 ရှင်ပေါလုနှင့်အစေခံခြင်း
“သန့်ရှင်းသူတို့သည်ဆင်းရဲသောအခါဝေငှပေးကမ်းကြလော့။ အာဂန္တုတို့အားဧည့်သည်ဝတ်ကိုကြိုးစား၍ပြုကြလော့။” (ရောမ ၁၂း၁၃) ရောမ ၁၂ တွင် ကျွန်ုပ်တို့ မည်ကဲ့သို့နေထိုင်သင့်သည်၊ အခြားသူများနှင့်မည်ကဲ့သို့ “အသက်ရှင်သောယဇ်” အဖြစ်ဆက်စပ်သင့်သည်ကို ရှင်ပေါလုကသွန်သင် ထားခဲ့သည် (ငယ် ၁)။ ဓမ္မဆရာအရာရှိလျှင် ဓမ္မဆရာ၏အမှုကိုဆောင်ရွက်ကြကုန်အံ့ (ငယ် ၇) အကယ်၍သင့်တွင်ပေးကမ်းစွန့်ကြဲခြင်းဆုကျေးဇူးရှိလျှင် ပေးကမ်းစွန့်ကြဲကြ လော့ (ငယ် ၈) မစသနားခြင်းအမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ (ငယ် ၈) မေတ္တာစိတ်သည်လျှို့ဝှက်ခြင်းနှင့်ကင်းစေလော့ (ငယ် ၉) ဆိုးညစ်သောအမှုကိုစက်ဆုပ်ရွံရှာကြလော့ (ငယ် ၉) ညီအစ်ကိုချစ်ခြင်းအရာမှာပကတိပေါက်ဘော်ကဲ့သို့တစ်ယောက်ကိုတစ် ယောက်စုံမက်ကြလော့ (ငယ် ၁၀) သူတပါးကိုကိုယ်ထက်မြှောက်ကြလော့ (ငယ် ၁၀) အားထုတ်ခြင်းအရာမှာပျင်းရိခြင်းမရှိဘဲလျက်စိတ်တန်းသဖြင့်သခင်ဘုရား၏ အလိုတော်သို့လိုက်၍အားထုတ်ကြလော့ (ငယ် ၁၁) သန့်ရှင်းသူတို့သည်ဆင်းရဲသောအခါဝေငှပေးကမ်းကြလော (ငယ် ၁၃) အာဂန္တုတို့အားဧည့်သည်ဝတ်ကိုကြိုးစား၍ပြုကြလော့ (ငယ် ၁၃) ၀မ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးခြင်းကိုလည်းကောင်းပြုကြလော့ (ငယ် ၁၅) သင်၏ရန်သူပွတ်သိပ်လျှင်လုပ်ကျွေးလော့ (ငယ် ၂၀)

9 ယာကုပ်နှင့်အစေခံခြင်း
“ခမည်းတော်ဘုရားသခင့်ရှေ့၌စင်ကြယ်သန့်ရှင်းသောသီလဟူမူကား မိဘမရှိ သောသီလဟူမူကား မိဘမရှိသောသူငယ်တို့နှင့်မုဆိုးမတို့သည် ဆင်းရဲခံရသော အခါ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါစောင့်ရှောက်ခြင်းပေတည်း။” (ယာကုပ် ၁း၂၇) ယာကုပ်သည်ယေရှု၏ညီအစ်ကိုဖြစ်ပြီးအသင်းတော်၏အမာခံ တစ်ဦးဖြစ်သည် (ဂလာတိ ၂း၉)။ ယေရုရှလင်တွင်နေထိုင်သူများ ကသူ့အားသန့်ရှင်းသူနှင့်တရားမျှတသူအဖြစ်သုံးသပ်ခဲ့ကြသည်။ အခြားသူများအားမည်ကဲ့သို့အစေခံရမည်ကိုသူ၏စာစောင်တွင် သူသွန်သင်ခဲ့သည်- ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုအကျင့်သို့ပြောင်းလဲခြင်း (၁း၂၂) လိုအပ်သူများကိုကူညီခြင်း (၁း၂၇) တရားမမျှတမှုကိုကာကွယ်ခြင်း (၂း၁-၄) အ၀တ်အချည်းစည်းရှိသူများကိုဖုံးအုပ်ခြင်းနှင့်ငတ် မွတ်သူများကိုကျွေးမွေးခြင်း (၂း၁၅-၁၆) တရားမျှတမှုဖြင့်ပြုမူခြင်း (၅း၎) ကျွန်ုပ်တို့၏အစေခံခြင်းသည် ကျွန်ုပ်တို့ယုံကြည်ခြင်း၏ မြင်နိုင်သောအကျိုးဆက်ဖြစ်သည် (၂း၁၄-၁၇)။

10 “Christ will keep the names of all who count no sacrifice too costly to be offered to Him upon the altar of faith and love… When the selfish and proud are forgotten, they will be remembered; their names will be immortalized. In order to be happy ourselves, we must live to make others happy. It is well for us to yield our possessions, our talents, and our affections in grateful devotion to Christ, and in that way find happiness here and immortal glory hereafter.” E.G.W. (Testimonies for the Church, vol. 3, cp. 26, p. 250)


Download ppt "ဓမ္မသစ်ခေတ် အသင်းတော်၏ အမှုဆောင်ရွက်ခြင်းအကြောင်း"

Similar presentations


Ads by Google